တိုင်တန်းချက်(ဦးတိုက်လျှောက်လွှာ)ကိုသာ အခြေပြု၍ ဖမ်းဝရမ်း ချက်ချင်းထုတ်ပေးသင့်သလား။

15-Aug-21 အခြား

ဒေါ်မြမြဝင်းပါ ၄ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂( ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၈၂) အမှုတွင် 

ဦးတိုက်လျှောက်လွှာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ စစ်မေးချက် သက်သက်အပေါ် သုံးသပ်၍ စွပ်စွဲခံရသူကို အာမခံရ လူဖမ်းဝရမ်း ထုတ်ဆင့်ရန် မသင့်ကြောင်း အောက်ပါအတိိုင်း ညွှန်ပြခဲ့ဖူးပါသည်။

" မောင်ဇော်ဝင်းနိုင်၏ ဦးတိုက်လျှောက်လွှာနှင့် အစစ်ခံထွက်ဆိုချက်များအရ ဒေါ်မြမြဝင်းတို့အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၃/၃၆၅/၃၆၈ တို့အရ အရေးယူရန် အကြောင်းပေါ် ပေါက်ခြင်း ရှိ မရှိ မူလရုံးက သေချာစွာ စုံစမ်းစစ်ဆေးသင့်သည်။ ထိုပုဒ်မများအရ အရေးယူရမည့် ပြစ်မှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်၍ မူလရုံးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂(၁) အရ ဖြစ်စေ၊ ၂၀၂(၂က)အရဖြစ်စေ ဆောင်ရွက်သင့်သည်။ သို့မှသာ ဒေါ်မြမြဝင်းတို့အပေါ် ဝရမ်းထုတ် ဆင့် ဖမ်းဆီးရန် သင့်မသင့် ချိန်ဆနိုင်မည် ဖြစ်သည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀ အရ တရားလို၏အစစ်ခံထွက်ဆိုချက်တစ်ခုတည်းကိုသာ အခြေပြု၍ တရားခံများကို အရေးယူခြင်းသည် ပေါ့ပေါ့လွယ်လွယ် ဆောင်ရွက်ရာရောက်သည်။ မူလအမှုစစ်တရားသူကြီးက တရားလို၏ အစစ်ခံ ထွက်ဆိုချက်ကို ချက်ချင်း ယုံကြည်ကာ တရားခံများအပေါ် အာမခံရ လူဖမ်းဝရမ်းထုတ်ဆင့်ခြင်းမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄(၁)(၂)တို့နှင့် မညီညွတ်ချေ။ 

---

အထက်ပါ စီရင်ထုံးတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ စစ်ချက်အရပင် (အာမခံရ)လူဖမ်းဝရမ်းကို ထုတ်ဆင့်ခြင်းမှာ 

ကျင့်ထုံးပုဒ်မ ၂၀၄(၁) နှင့် ၂၀၄(၂)တို့နှင့် မညီညွတ်ကြောင်း ညွှန်ပြပါသည်။

ထိုသို့ဆိုလျှင်

တိုင်တန်းချက်(ဦးတိုက်လျှောက်လွှာ)တစ်ခုကိုသာ အခြေခံ၍

(အာမခံမရသည့်) ဖမ်းဝရမ်း ချက်ချင်း ထုတ်ပေးရန် သင့်မည် မဟုတ်ပါ။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ တိုင်တန်းချက် မှန် မမှန် သိသာရန် ဆောင်ရွက်ပြီးမှ ဝရမ်းထုတ်ပေးရန် သင့် မသင့် ချိန်ဆသင့်ပါသည်။ 

အထက်ပါစီရင်ထုံးတွင် သုံးနှုန်းထားသည့်စကားရပ်ဖြစ်သည့် "ပေါ့ပေါ့လွယ်လွယ် ဆောင်ရွက်ရာ ရောက်သည်" ဆိုသောစကားရပ်ကို လည်း သတိပြုရန်ဖြစ်ပါ သည်။ 

---

လေးစားမှုဖြင့် 

Credit-Originထွန်းမျိုးဌေး

၁၆-၂-၂၀၂၁

 

 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate