မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် နှင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး(Military Administration)စနစ်

15-Aug-21 အခြား
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် နှင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး(Military Administration)စနစ်
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ်နှင့် အာဏာတည်ဆဲအစိုးရတစ်ရပ်သည် တပ်မတော်အား ခေတ္တအုပ်ချုပ်ရေး လွှဲပြောင်းပေးသဖြင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး (Military Administration) )စနစ် တို့ မတူပေ။
စစ်ဥပဒေအရအာဏာကျင့်သုံးမှုစနစ် (Martial Law) သည် စစ်မြေပြင်တွင် တပ်မှူးကအာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူ ကျင့်သုံးခွင့်ရှိသည့် အာဏာမျိုးဖြစ်သည်။ 
စစ်အာဏာပိုင်များအနေဖြင့် အခြေခံဥပဒေကို ထောက်ထားခြင်း၊ အထက်အဆင့်ဆင့် တင်ပြအစီရင်ခံခြင်း၊ အခွင့်အာဏာရယူခြင်းများ လုပ်ဆောင်စရာမလိုဘဲ၊ မိမိကိုယ်တိုင် တာဝန်ခံဆုံးဖြတ် လုပ်ဆောင်နိုင်သည့် အခြေအနေကို မာရှယ်လောဟုခေါ်သည်။ 
စစ်အာဏာပိုင်များအထက်တွင် မည်သည့် အာဏာပိုင်အဖွဲ့အစည်းမျှမရှိဆိုသည့် သဘောမျိုးဖြစ်သည်။
စစ်အုပ်ချုပ်ရေးစနစ် (Military Administration) ဆိုသည်မှာ အခြေခံဥပဒေအရ လွှဲပြောင်းတာဝန်ပေးအပ်ရခြင်းဖြစ်ပြီး မာရှယ်လောနှင့် များစွာကွာခြားသည်။ 
စစ်အုပ်ချုပ်ရေးစနစ်သည် အဖွဲ့ဖြင့် အုပ်ချုပ်ရခြင်းဖြစ်ပြီး ထိုအဖွဲ့သည် အခြေခံဥပဒေ၏ ထိန်းချုပ်မှုကိုခံယူရပါသည်။ စစ်အာဏာပိုင်များ၏အထက်တွင် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ် ရှိနေသေးသည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် မာရှယ်လောကျင့်သုံးရလောက်အောင် အခြေအနေဆိုးရွားနေပါက မာရှယ်လောထုတ်ကာ အုပ်ချုပ် လေ့ရှိကြသည်။ 
မာရှယ်လောအမှန်တကယ်ကျင့်သုံးလျှင် အခြေခံဥပဒေကို ဘေးဖယ်ထားခြင်းခံရတတ်သည်။ 
အခြေခံဥပဒေမှ လိုအပ်သည်များကို သုံးကောင်းသုံးနိုင်သော်လည်း စစ်အာဏာပိုင်များအပေါ်တွင် မည်သည့်အဖွဲ့အစည်းကမှ လွှမ်းမိုးထိန်းချုပ်၍ မရပေ။ 
စစ်အာဏာ ပိုင်များအပေါ်တွင် လုံး၀အာဏာတည်ပြီး အခြေအနေ အချိန်အခါ လိုအပ်ချက်အရ စစ်အာဏာပိုင်များက မှန်ကန်သည်ဟု ယူဆလျှင် အမိန့်၊ ကြေညာချက်များထုတ်ပြန်ပြီး အာဏာကိုကျင့်သုံးပိုင်ခွင့်ရှိ သည်။
မာရှယ်လောကိုကျင့်သုံးလျှင် ထုတ်ပြန်သည့် အမိန့်နှင့်ဥပဒေ များကို မလိုက်နာသူမရှိရလေအောင် လုပ်ပိုင်ခွင့်အာဏာများ ပေးထားတတ်သည်။ 
မာရှယ်လောကို မည်မျှအထိအခွင့်အာဏာပေးထားသနည်းဆိုသော် စိတ်စေတနာအမှန်ဖြင့် ယုံကြည်ချက်အတိုင်း ဆောင်ရွက်သည့်အတွက် မှားယွင်းသွားခြင်းဖြစ်လျှင်လည်း ခွင့်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားချက်များတွေ့ရသည်။
မာရှယ်လောကျင့်သုံးလိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးချင်း ကာကွယ်နိုင်၊ ရယူနိုင်သည့်အခွင့်အရေးများ ရပ်ဆိုင်းသွားတတ်သည်။ 
ထို့ကြောင့် မာရှယ်လောဆိုသည်မှာ ပြင်းထန်သည့် စီရင်ခွင့်တစ်ခုဟုဆိုနိုင်သည်။ 
မာရှယ်လောအရ ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး နစ်နာခဲ့သူတစ်ဦးသည် နောင်အစိုးရလက်ထက်တွင် အရပ်ဘက်တရားရုံးများမှ အမှုဖွင့် တိုင်တန်းခွင့်၊ စုံစမ်းစစ်ဆေး ခွင့်လည်းမရှိပေ။ 
ထို့ကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်သည်ဆိုလျှင် ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသော အကန့်အသတ်မဲ့အာဏာဟူ၍ ပြောနိုင်သည်။
ထို့ကြောင့် မာရှယ်လောသည် စစ်အုပ်ချုပ်ရေးထက် အဆပေါင်းများစွာ ပြင်းထန် သည်ဟုဆိုနိုင်သည်။
(Credit-ကျမ်းကိုး)ဆရာမဒေါ်လှလှမော်
 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate