တော်လှန်ရေး ကာလမှာ

တော်လှန်ရေး ကာလမှာ

 

ခဏခဏ လာမေးမြန်းကြတဲ့

မိတ်ဆွေများအတွက်

ထပ်မံဖော်ပြပေးလိုက်ပါတယ်။ 

မှန်မှန်ကန်ကန် တော်လှန်နိုင်ကြပါစေ။

လင်မယား ကွာရှင်းရန် အကြောင်းသုံးမျိုး

**************************************

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ 

လင်မယား ကွာရှင်း ပြတ်စဲရန် အကြောင်း

သုံးမျိုး ရှိသည် ။ 

၎င်းတို့မှာ

( က ) နှစ်ဦး သဘောတူ ကွာရှင်းခြင်း ၊  

( ခ ) လင်ဖြစ်သူ ရဟန်းပြုခြင်း ၊

( ဂ ) အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ခြင်း 

တို့ဖြစ်သည် ။

နှစ်ဦး သဘောတူ ကွာရှင်းခြင်း

~~~~~~~~~~~~~~

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ လင်ဖြစ်

သူသည် ၎င်း၏ သဘောဆန္ဒ အလျောက် 

အကြောင်းမဲ့ သက်သက် မယားဖြစ်သူကို 

ကွာရှင်းခွင့် မရှိပါ ။ မြန်မာ ဗုဒ္ဓဘာသာဝင်များ 

အိမ်ထောင်ပြုခြင်းမှာ တစ်ဦးနှင့် တစ်ဦး ကတိ 

ပဋိညာဉ် ပြုလုပ်ကြခြင်း ပင်ဖြစ်ရာ နှစ်ဦး

သဘောတူလျှင် အချိန်မရွေး အလွယ်တကူ 

ကွာရှင်း နိုင်သည် ။ ထိမ်းမြား လက်ထပ်ရာတွင် 

စာချုပ်မလို သကဲ့သို့ ကွာရှင်းရာတွင် လည်း 

စာချုပ်မလိုပါ ။ လင်မယား နှစ်ဦးသဘော 

တူညီချက် အရ ကွာရှင်းလျှင် လင်ခန်း 

မယားခန်း လုံးဝ ပြတ်စဲသည် ။ 

ဒေါ်အမနှင့် ဒေါ်ခင်တင့်

၁၉၆၄ ခုနှစ်၊ မတစ၊ ၃၁၄

 

ဂြိုဟ်ပြေနံပြေကွာရှင်းခြင်း

~~~~~~~~~~~~

 

လင်မယား ကွာရှင်းရေး နှင့်ပတ်သက်၍ ဂြိုဟ်ပြေ  

နံပြေဟု ခေါ်တွင်သည့် ဟန်ဆောင် ကွာရှင်းမှု

တစ်မျိုးကို မြန်မာဗုဒ္ဓဘာသာ တရားဥပဒေက 

အသိအမှတ်ပြုထား သည်။ လင်ခန်း မယားခန်း 

ပြတ်စဲခြင်းမရှိပါ။ 

ဒေါ်တင် နှင့် ဒေါ်ခင်စော

၁၉၆၇ ခုနှစ်၊ မတစ၊ ၃၃၆

 

လင်ဖြစ်သူရဟန်းပြုခြင်း

~~~~~~~~~~~

လင်ဖြစ်သူသည် လူ့လောကကို စွန့်ခွာပြီး (ဒုလ္လဘ 

မဟုတ်ဘဲ) ရဟန်းပြု၍ ရဟန်းဘောင်သို့ အပြီးပိုင် 

ကူးပြောင်းသွားခဲ့သော် လင်ခန်းမယားခန်းပြတ်စဲ

သည်။ 

မောင်ညွန့်တင်နှင့် မပု

၁၉၅၄ ခုနှစ်၊ မတစ၊ ၇၆

 

အိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ

~~~~~~~~~~~~~~~~~~~~

 

အိမ်ထောင်ရေး ပြစ်မှုတွင် သာမန်အိမ်ထောင်ရေး 

ပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှုဟူ၍ 

ခွဲခြားတွေ့ ရှိနိုင်သည်။

သာမန် အိမ်ထောင်ရေး ပြစ်မှု ဆိုသည်မှာ 

( က ) ရက်စက်မှု

( ခ ) လင်၏ဖောက်ပြန်မှု ၊ 

( ဂ ) ဒုတိယ မယားယူမှု၊

( ဃ ) စွန့်ပစ်မှု၊ 

( င ) လီဆယ်မှု တို့ဖြစ် သည်။

ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု

ဆိုသည်မှာ

( က ) မယား၏ဖောက်ပြန်မှု

( ခ ) ကြီးလေးသော ရက်စက်မှု တို့ဖြစ်သည် ။

အိမ်ထောင်ရေး ပြစ်မှုများတွင် သာမန် အိမ်ထောင် 

ရေး ပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု

ဟူ၍ ခွဲခြားထား ရခြင်းမှာ လင်မယား ကွာရှင်း

ခွင့်ပြုခြင်း မပြု ခြင်းအတွက် အဓိက မဟုတ်ပါ ။ 

လင်မယား ကွာရှင်းခဲ့သော် ပစ္စည်းခွဲဝေ သည့်အခါ 

ကျူးလွန်သော ပြစ်မှုကို အခြေပြု ၍ ခွဲဝေရခြင်း 

ကြောင့် ဖြစ်သည် ။

 

သာမန်အိမ်ထောင်ရေးပြစ်မှုများ

~~~~~~~~~~~~~~~~~~~~

 

ရက်စက်မှု ။ ။ ရက်စက်မှုဆိုရာတွင် သာမန်ရက်စက်မှု

နှင့် ကြီးလေးသော ရက်စက်မှုဟူ၍ နှစ်မျိုး ရှိသည် ။ 

သာမန် ရက်စက်မှုနှင့် ကြီးလေးသော ရက်စက်မှု 

ခွဲခြားရာတွင် လက်ရောက်မှု ကျူးလွန် ခြင်းကြောင့် 

ရရှိသည့် ဒဏ်ရာ သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂ဝ 

အရ အပြင်းအထန် နာကျင်စေမှု ဖြစ်ခဲ့သော 

သို့မဟုတ် မယားအား ကွာရှင်းခွင့် မတောင်းတောင်း

အောင် ရည်ရွယ် ချက်ဖြင့် ညှဉ်းပန်း နှိပ်စက် နေခဲ့သော် 

သို့မဟုတ် လင်ဖြစ်သူက သူနှိပ်စက် ညှဉ်းပန်းခြင်းကို 

နောင်တမရဘဲ သူကပင် ကွာရှင်း ပြတ်စဲရန် လိုလား

နေခဲ့သော် ထိုရက်စက်မှုသည် ကြီးလေးသော 

ရက်စက်မှုဖြစ်သည်။ 

ဒေါ်ပုနှင့်မောင်ထွန်းခ

၁၉၄၆ ခုနှစ်၊ မတစ၊ ၁၂၅

 

ဥပဒေ သဘောအရ ရက်စက်မှုဆိုရာတွင် ကိုယ်ကာယ 

ဆင်းရဲခြင်း သာမက စိတ်ဆင်းရဲခြင်းလည်း ပါဝင်သည် ။ 

စိတ်ဒုက္ခ ခံစားရမှု များသည် ကိုယ်ထိ လက်ရောက် 

ရိုက်နှက် ခြင်းခံရသော ကိုယ်ကာယ ဆင်းရဲခြင်း ထက်

ဆိုးသည် ။ ထို့ကြောင့် စိတ်ဆင်း ရဲအောင် ရက်စက်မှု 

ကျူးလွန်လျှင် ကွာရှင်း ခွင့်ရသည် ။ 

မစ္စစ်ပရိုတီမာဂို့(ရှ်) နှင့် ဘီလာလန် ဒူးဂို့(ရှ်)

၁၉၆၃ ခုနှစ်၊ မတစ၊ ၅၂၆

 

လင်နှင့်မယားတို့ တစ်ခါတစ်ရံ စိတ်သဘောထားချင်း 

မတိုက်ဆိုင် သဖြင့် ပဋိပက္ခ ဖြစ်ကာ စိတ်လိုက်မာန်ပါ 

လင်က မယားအား ရိုက်နှက် ဆုံးမခြင်း မျိုးကို ဥပဒေအရ 

ရက်စက်မှု ကျူးလွန်သည်ဟု မဆိုနိုင် သော်လည်း မကြာ 

ခဏလင်က မယားအား ကိုယ်ထိ လက်ရောက် ရိုက်နှက်

ခြင်း ၊ ဆံပင်ဆွဲခြင်း စသည့် ပြုမူချက်များကို ပြုလုပ်ခဲ့ 

ပါလျှင် လင်ဖြစ်သူသည် ရက်စက်မှုကို ကျူးလွန် ခဲ့သည်ဟု 

ကောက်ယူ ရမည် ဖြစ်ကြောင်း ဆုံးဖြတ်သည် ။ 

မစ္စစ် ပါး(လ်) ကျော်နှင့်ဦးကျော်

၁၉၆၇ ခုနှစ်၊ မတစ၊ ၂၄၉

 

မယား၏ရက်စက်မှု ။ ။ ''လင်ဖြစ်သူက ရက်စက်၍ မယားက 

ကွာလိုသည့် အမှုမျိုးမှာ သမားရိုးကျ ဖြစ်သည် ။ တရားရုံး

များတွင် အစဉ် တွေ့နေ ရသည် ။ တရား လွှတ်တော်နှင့် 

တရားရုံး ချုပ်တို့၏ စီရင် ထုံးများကို လေ့လာ လျှင် လင်၏

ရက်စက်မှုနှင့် ပတ်သက်သည့် အမှုများကို သာတွေ့ ရသည် ။ 

ထို့ကြောင့် မယားက ရက်စက်မှု ကျူးလွန်လျှင် လင်၌ 

ကွာရှင်းခွင့် ရှိ ၊ မရှိ ဆိုသည့်ပြဿနာ ကို ဆင်ခြင်ရာတွင် 

စီရင်ထုံးသည် ဥပဒေမဟုတ်၊ စီရင် ထုံးအရပ်ရပ် မတင်ပြ

ကာမျှဖြင့် ရှိရင်းစွဲဥပဒေအရ ဆောင်ရွက်မှုကို မပိတ်ပင်

နိုင်ဟု သဘောရရှိသည်။

 

ဤသို့ စွဲဆို ခွင့်မရှိဟု တားမြစ်လျှင် မယားသည် လင်

ယောက်ျားကို အလွန်အမင်း ရက်စက်မှုများ ပြုလုပ် စေကာမူ 

လင်ယောက်ျားက မယား၏ ရက်စက်မှုကို အကြောင်းပြု၍ 

မယားကွာလိုမှု မစွဲရဟု ပိတ်ပင်ရာ ရောက်သည့် အပြင် 

တရားမျှတမှုလည်း ရှိနိုင်မည် မဟုတ်ပေ ။ ယခင် စီရင်ထုံး

ဓမ္မသတ်များ၌ ရက်စက်မှုတွင် မြန်မာ့ ဓလေ့ ထုံးတမ်းအရ 

လင်မယား ကွာရှင်း ပေးစေရန် အတွက် တောင်းဆို နိုင်သည့် 

အိမ်ထောင်ရေးပြစ်မှု တစ်ရပ်ဖြစ်သည်ဟု ဖော်ပြ ထားသည် ။ 

အဆိုပါ အခွင့် အရေးကို လင်က သော်လည်းကောင်း ၊ မယား

ကသော် လည်းကောင်း ရယူ နိုင်ကြောင်း ဆုံးဖြတ် ထားချက်

အရ လင်ဖြစ်သူက ရက်စက်မှု ကျူးလွန်လျှင် မယား၌ ကွာရှင်း 

ခွင့် ရှိသည့်နည်းတူ မယားဖြစ်သူက ရက်စက်မှု ကျူးလွန် 

လျှင်လည်း လင်၌ကွာရှင်းခွင့် ရှိကြောင်း ထင်ရှားသည် ။''

ဤသည်မှာ ၂ဝ၁၅ ခုနှစ်တွင် ပြည်ထောင်စုတရား 

လွှတ်တော်ချုပ်က လမ်းညွှန် ဆုံးဖြတ်ခဲ့သည့် စီရင်ထုံးပါ 

ဆုံးဖြတ်ချက် ဖြစ်သည် ။ 

(၂ဝ၁၅ ခုနှစ်၊ မတစ၊ စာ - ၁၅၇ )

 

လင်၏ ဖောက်ပြန်မှု ။ ။ လင်ဖြစ်သူသည် အခြားမိန်းမ နှင့် 

ကျူးလွန်ပြီး မယားဖြစ်သူအား နှိပ်စက် ညှဉ်းပန်းလျှင် ရက်စက်

ကြမ်းကြုတ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် မယား၌ 

ကွာရှင်းခွင့် ရနိုင်သည် ။ 

မောင်ငွေ စန်းနှင့်မကြီး 

၁၉၂၉ ခုနှစ်၊ ရန်ကုန်၊ ၆၄

 

ဒုတိယ မယားယူမှု ။ ။ ပထမမယားကြီး ရှိလျှက်နှင့် ဒုတိယ

မယား ယူခြင်းသည် ရက်စက်မှုကို ကျူးလွန်ခြင်း ဖြစ်သော

ကြောင့် ပထမမယား၌ ကွာရှင်းခွင့် ရှိသည် ။ မောင်ဆက်

မောင်နှင့် မကြင်သွေး

၁၉၆၃ ခုနှစ်၊ မတစ၊ ၂၉၅

 

စွန့်ပစ်မှု ။ ။ စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ လင်က မယားအား 

စွန့်ပစ်ထားပြီး သုံးနှစ်ပတ်လုံး ဟင်းရွက် တစ်ရွက် ၊ ထင်း 

တစ်ချောင်းမျှပင် မထောက်ပံ့လျှင် သော်လည်းကောင်း ၊ 

မယားက လင်အား တစ်နှစ်ပတ်လုံး ဟင်းရွက် တစ်ရွက် ၊ 

ထင်းတစ်ချောင်း ကိုမျှ မထောက်ပံ့လျှင် သော်လည်းကောင်း 

လင်နှင့်မယား ကွာရှင်း ပိုင်ခွင့် ရှိကြောင်း ''မနု ကျယ်ဓမ္မသတ်'' 

ပဉ္စမတွဲ အခန်း ၁၇ ၌ ဖော်ပြ ထားသည် ။ 

မညွန့်နှင့်မောင်စံသိန်း စီရင်ထုံးတွင် စွန့်ပစ်ခြင်း အတွက် 

သတ်မှတ် ထားသော နှစ်ကာလစေ့လျှင် လင် မယားအဖြစ်မှ 

အလိုအလျောက် တရားဝင်ကွာရှင်းခြင်းသို့ ရောက်သည်ဟု 

ဆုံးဖြတ်ခဲ့သည်။ (၅ ရန်ကုန်၊ ၅၃၇) 

သို့သော် လင်မယား နှစ်ဦးသည် လင်ဖြစ်သူက သုံးနှစ် ၊ 

မယားဖြစ်သူက တစ်နှစ် စွန့်ပစ်ထားရုံနှင့် မပြတ်စဲ သေးပေ ။

စွန့်ပစ်ခြင်း ခံရသူက ပြတ်စဲလိုသော ဆန္ဒကို ထုတ် ဖော်ပြောမှ

သာလျှင် ပြတ်စဲ နိုင်သည် ။ 

သိန်းဖေနှင့် ဦးပက်

၃ အယ်ဘီအာ ၁၇၅

 

ထို့ပြင် စွန့်ပစ်မှုနှင့် ပတ်သက်၍ ထိမ်းမြားမှုအလို အလျောက် 

မပျက်ပြယ် ကြောင်း ၊ ထိမ်းမြားမှု ပျက်ပြယ် လိုသည့်ဆန္ဒကို 

အထင်အရှား ဖြစ်စေ ၊ သိသာထင်ရှား သည့် အမူအရာဖြင့်

ဖြစ်စေ ပေးရမည် ။ ထိုသို့ ဆန္ဒမပေး သမျှ ထိမ်းမြားမှု 

တည်မြဲ နေသည်ဟု 

ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ 

၁၉၄၉ ခုနှစ်၊ မတစ၊ ၂၈၃

 

မခင်မြနှင့် ကုလားစီရင် ထုံးတွင်လည်း စွန့်ပစ်သော ကာလ

အပိုင်းအခြား ကုန်ဆုံးသော အခါ၌ စွန့်ပစ်ခြင်း ခံရသူက လင်ခန်း 

မယားခန်း ပြတ်စဲလိုသော မိမိ၏ဆန္ဒ ကို ထုတ်ဖော် ပြောဆို 

ရပါမည် ။ စွန့်ပစ်သွားသူ၏ ဆန္ဒ တစ်ခုတည်းဖြင့် ကွာရှင်းခွင့် မရ

နိုင်ပေ ။ စွန့်ပစ် ခြင်းခံရ သူက ကွာရှင်းလိုမှ သာလျှင် ကွာရှင်း 

နိုင်သည် ။ (၁၉၅၆ ခုနှစ်၊ မတစ၊ ၂၆၄) 

 

လီဆယ်မှု ။ ။ ယောက်ျားဖြစ်သူက သားကြီး မယားကြီးရှိ 

လျက်နှင့် လူပျိုပါဟု လည်းကောင်း ၊ ယခင် မယားကြီးနှင့် 

ကွာရှင်းပြီးပြီဟု လည်းကောင်း အဖြစ်မှန်ကို လီဆယ် ပြောဆို 

ထိမ်းမြား လက်ထပ်ခြင်းသည် လီဆယ်မှုပင် ဖြစ်သည် ။ ထိုသို့

လီဆယ်မှု ကျူးလွန်လျှင် မယားဖြစ်သူ ၌ ကွာရှင်းခွင့် ရနိုင်

ကြောင်း ''ဓမ္မသတ် သုံးဆယ့်လေး စောင်တွဲ ၊ အိမ်မှုခန်း ဓမ္မသတ် 

အခန်း ၇ ၊ ပုဒ်မ ၉၁ နှင့် အဍ္ဍသံခေ ပဝဏ္ဏနာကျမ်း ပုဒ်မ ၃၄၉ 

တို့တွင် ပြဆိုထား သည် ။ 

 

ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှုများ

~~~~~~~~~~~~~~~~~~~

မယား၏ ဖောက်ပြန်မှု ။ ။ မယားသည် မိမိလင် မဟုတ်သည့်

ယောက်ျားနှင့် ကာမစပ်ယှက်မှု ကျူးလွန်သည်ကို မယား၏ 

ဖောက်ပြန်မှုဟု ခေါ်သည် ။ ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု 

ဖြစ်၍ မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေအရ ပစ္စည်းခန်း အခွင့်

အရေးများ ဆုံးရှုံးခြင်းခံရ မည်ဖြစ်သည် ။ မယားဖြစ်သူ 

ဖောက်ပြန်လျှင် လင်ဖြစ်သူ ၌ ကွာရှင်း ခွင့်ရှိသည် ။ 

မောင်ပြားကြီးနှင့် မောင်ဖိုးခ

၉ ဘီအယ်တီ ၇၄

 

ဘာသာခြားများနှင့် လက်ထပ် သည့်အခါ

~~~~~~~~~~~~~~~~~~~

ယခင်က မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးများနှင့် ဘာသာခြားများ

လက်ထပ်ရာမှ ကွာရှင်းရေး ကိစ္စရပ်များ တွင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်

မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ စီရင် 

ဆုံးဖြတ်သည် ။ ယခုအခါ ယင်းဥပဒေကို ရုပ်သိမ်း လိုက်သည် ။ မြန်မာ 

ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကို ၂ဝ၁၅ 

ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည် ။ ယင်းဥပဒေ ပုဒ်မ ၂၅ တွင် လင်မယား ကွာရှင်းမှု ၊ 

ပစ္စည်းခွဲဝေမှုနှင့် သားသမီး ထိန်းသိမ်းမှုတို့နှင့် သက်ဆိုင်သည့် မြန်မာ ဓလေ့ 

ထုံးတမ်း ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ ထိမ်းမြားကြသူ 

သို့မဟုတ် ထိမ်းမြား ခဲ့ကြသည်ဟု မှတ်ယူ ရခြင်း ခံရသူတို့ အပေါ် အာဏာ

သက်ရောက် ရမည်ဟု ပြဋ္ဌာန်း ထားသည် ။ 

ထိုနည်းတူ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၄ အရ 

တည်ဆဲ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ ၊ ကိုးကွယ်ရာ ဘာသာအရ ဖြစ်စေ ၊ 

ဓလေ့ ထုံးတမ်း အရဖြစ်စေ ၊ ထိမ်းမြားမှု အတည်ဖြစ်နေစဉ် လင် သို့မဟုတ် 

မယားသည် အခြားသူနှင့် ထပ်မံ၍ ထိမ်းမြား လျှင် ဤဥပဒေအရ 

အိမ်ထောင်ရေး ပြစ်မှုကို ကျူးလွန် ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် 

လင်က ကွာရှင်း ခွင့်ရှိသည်။

#မြန်မာ့ ဓလေ့ ထုံးတမ်းဥပ​ေဒမှ ကောက်နုတ် တင်ပြသည် ။

 
Credit-OriginalUploder
 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate