အိမ်_ခြံမြေရောင်းတော့မယ်ဆိုရင်_ရောင်းသူများဘက်မှ_ကြိုတင်ပြင်ဆင်ထားရမယ့်_အချက်များ

ရောင်းမယ့်မြေ က မိမိအမည်ပေါက်ဖြစ်ရင် ဂရန်မူရင်း နဲ့ မိတ္တူတွေကို အဆင်သင့်ဆောင်ထား သင့်ပါတယ်။ ပါမစ်မြေကွက်ဖြစ်ရင် မြေ ချပါမစ်မူရင်းနဲ့ ပါမစ်မိတ္တူနဲ့ စာချုပ် အဆက်အစပ်မိတ္တူတွေကို အဆင်သင့် ဆောင်ထားပါ။ ဘိုးဘွားပိုင်မြေဖြစ်ရင် မှတ်ပုံတင်ပြီးဖြစ်တဲ့ မြေကွက်အရောင်း အဝယ်စာချုပ် မူရင်းနဲ့ မိတ္တူတွေ အဆင် သင့်ဆောင်ထားသင့်ပါတယ်။ ထို့အတူ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေ ဖြစ်ရင်လည်း မူရင်းနဲ့မိတ္တူတွေကို စုဆောင်း ရှာဖွေထားသင့်ပါတယ်။ အဲဒီလို အဆင်သင့် ဆောင်ထားခြင်းဖြင့် ပွဲစားက ဝယ်သူကို မမျှော်လင့်ဘဲ ခေါ်လာတဲ့အခါမှာ ကိုယ့် ဘက်က အဆင်သင့်ဖြစ်နေတာပေါ့။
ကြိုတင်ပြင်ဆင်မှုမရှိရင် ပင်ပမ်းရတာ လူဓမ္မတာ
ပြောသာပြောရတာပါ။ ကြိုတင် ပြင်ဆင်ထားသူက လူ (၁၀)ယောက် လောက်မှာ (၄)ယောက်လောက်ကသာ အဆင်သင့်ဆောင်ထားကြလေ့ရှိပါတယ်။ (၆)ဦးလောက်ကတော့ ဝယ်သူလာမှသာ ဟိုသေတ္တာရှာ၊ ဒီဘီရိုဖွင့်လုပ်တတ်ကြ တယ်။ တစ်ခါတစ်ရံ သော့ရှာမရလို့ အိမ်ရှိလူအားလုံး သော့ရှာပေးရတာ အကုန်ပင်ပမ်းကုန်ကြတာလည်း တွေ့ရ ဖူးတယ်။
အမွေဆိုင် မြေနှင့်အိမ် ဝယ်တဲ့အခါ တွေ့ ကြုံရတာ
အဲဒီလိုဖြစ်ကြတာမျိုးကများ သောအားဖြင့် အမွေဆိုင်မြေ၊ အမွေဆိုင် အိမ်တွေမှာ ဖြစ်တတ်တယ်။ အမွေဆိုင် မြေနှင့်အိမ်ဆိုတာ မိဘနှစ်ပါးမရှိတော့ တဲ့အခါ မောင်နှစ်မအများထဲမှ ပစ္စည်း ဥစ္စာ်ပြည့်စုံသူ အကို၊ အမတစ်ဦးဦးက မြေနှင့် အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်း တွေကို ထိန်းသိမ်းပေးထားတတ်ပါတယ်။
အဲဒါကြောင့် အမှန်တကယ် ဝယ်သူလည်း ရောက်လာရော အဆင် သင့်မဖြစ်တတ်ကြခြင်းပါ။
ရောင်းမယ်၊ မရောင်းဘူး ပေးတဲ့ဈေးက နည်းလွန်းတယ် ပြောကြတယ်
အမွေဆိုင်မြေဝယ်တဲ့အခါ ဝယ် သူတွေအနေနဲ့ အထူးသတိထား ဝယ်သင့် ပါတယ်။မောင်နှမများတဲ့အတွက် တစ် ယောက်တစ်ပေါက်ပြောတတ်ကြပါတယ်။ ရောင်းမယ်၊ မရောင်းဘူး၊ ပေးတဲ့ဈေးက နည်းလွန်းတယ်စသည်ဖြင့် အငြင်းအခုံ လုပ်တတ်ကြပါတယ်။ တကယ်တော့ မရောင်းချင်တာမဟုတ်ဘူး။ ရောင်းချင် နေကြတာမှ ခုန်ဆွ ခုန်ဆွတောင်ဖြစ်နေ ကြတယ်။ ရောင်းလို့ရမှ အမွေခွဲလို့ရ မှာလေ။ ဒါပေမယ့် လူဆိုတာ လောဘ သားမဟုတ်လား။ များများရလေ ကောင်း လေပဲ။
အားလုံးမျှော်လင့်နေတဲ့ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေ အစုံအလင်မပါတဲ့အခါ
တကယ်တော့ ရောင်းမယ် ရောင်းမယ်လို့သာ ဝိုင်းအုံနေကြတာ၊ ဝယ်သူက မြေနဲ့အိမ် ပိုင်ဆိုင်မှုကို ပြပါ ဦးလို့မေးလိုက်တဲ့အခါကျတော့၊ ပိုင်ဆိုင် မှု စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အကိုကြီးကို စောင့်နေရတာမျိုး၊ မမကြီး အလာကို စောင့်ရတာမျိုးလည်း ရှိတတ် ပြန်တယ်။ ဟော စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အကိုကြီး၊ အမကြီး လာပြန်ရင်လည်း အပြေးအလွားလာရ လို့ဆိုပြီး စာရွက်စာတမ်းမစုံတာတို့၊ မိဘနှစ်ပါး သေစာရင်းမူရင်းမပြနိုင်တာ တို့ မောင်နှမအားလုံးရဲ့ မှတ်ပုံတင်မူရင်း တွေ အားလုံးမပြနိုင်တာတို့ ဖြစ်တတ် ကြပြန်ပါတယ်။
ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်း တွေ ပြနိုင်ရင် အမွေဆိုင်တွေအားလုံး စုံပြီပဲ စရန်ပေးလို့ရပါတယ်။ အပြီးအပိုင် စာချုပ်တဲ့အခါကျတော့ အရောင်း၊ မြေပုံ၊ မြေရာဇဝင်၊ ပိုင်ဆိုင်ကြောင်းမြေပုံ၊ မြေ ရာဇဝင်တွေနဲ့ ဝယ်သူလိုချင်တဲ့ အထူး ကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့တာဝန်ယူ ပါတယ်။ အာမခံလို့ ဝယ်သူက စရန်ငွေ ပေးခဲ့ရတာတွေလည်း ရှိပါတယ်။
လွယ်မယောက်နဲ့ခက် စည်ပင်မှာမြေပုံ ကူးရတဲ့အချက်
တကယ်တော့ အမွေဆိုင်တွေ အာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ဖိုးနဲ့ အရောင်းအဝယ်စာချုပ်ဖို့ မြေပုံ၊ မြေရာဇဝင်တွေက မြို့တော်စည်ပင်က အလွယ်တကူ ထုတ်ပေးတာမရှိဘူး။ အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန် အဖေ အမေတို့ရဲ့ သေစာရင်းမူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်း စားပေးကြတာပါ။ ဒါတောင် ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့ လိုအပ် သေးတယ်။ ဥပမာ ဘဏ်မှာငွေချေးခဲ့ ဖူးရင်၊ သက်ဆိုင်ရာဘဏ်က မြေပုံ/ မြေရာဇဝင် (ပုံစံ ၁၀၅၊၁၀၆) ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ်။ သူတို့ရဲ့ ဘဏ်က ငွေတွေအားလုံးပြန်ရပြီးမှသာ ကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းပေး ကြတယ်။
အားမနာနဲ့ အမွေဆိုင်ထံကတောင်း ကြည့်ရမယ့် အချက်အလက်များ
အဲဒီတော့ အနှစ်ချုပ်ပြောရရင် ချုပ်ဆိုထားတဲ့ စာချုပ်မျိုးဆိုရင် တရား စွဲယူရတတ်လို့ အချိန်တွေ ငွေတွေ ပိုကုန် တတ်လို့ မိဘအမည်ပေါက် မြေကို ဝယ် ဖို့ အကြံပေးတာပါ)
(၂) ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးရဲ့သေစာရင်း မူရင်းကို ကြည့်ရှု ရပါမယ်။
(၃) အမွေဆိုင်မောင်နှမတွေ ရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စု စာရင်းကိုကြည့်ရပါမယ်။ (မှတ်ချက် အချို့အမွေဆိုင်တွေက နိုင်ငံခြားမှာ ရောက်နေတဲ့ အမွေဆိုင်တွေကို သေ သလို၊ ရှင်သလို လုပ်ပြီး ချန်ထားတတ် လို့ အိမ်ထောင်စုစာရင်းက သက်သေခံ အထောက်အထားဖြစ်လို့ပါ)
ဒါတွေပြည့်စုံရင် စရန်ငွေပေး လို့ရပါတယ်။ အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ပေးဖို့နဲ့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ပေးနိုင်ဖို့ အတွက် ပိုင်ဆိုင်/ အရောင်းမြေပုံ/ မြေရာဇဝင် ကူးခိုင်းရပါမယ်။ အရှုပ်အရှင်း ကင်းရင် မြေပုံ(၂)မျိုးစလုံးနဲ့ အလွယ် ကလေးနဲ့ရတတ်ပါတယ်။ မြို့မြေစာရင်း မှာ ရှုပ်နေတာရှိရင်လည်း အမွေဆိုင် တွေပဲ ရှင်းခိုင်းပြီးသားဖြစ်သွားပါတယ်။ မြေပုံတွေ့ရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။
အဲဒီစာချုပ်တဲ့နေ့မှာပဲ အမွေ ဆက်ခံသူမောင်နှမများထံက အထွေ ထွေ ကိုယ်စားလှယ်လွှဲစာယူထားလိုက် ရင် ကျန်ငွေကို အပြီးပေးချေလို့ရပါ တယ်။ ဝယ်သူအမည်ပေါက်ရဖို့အတွက် ကတော့ အထွေထွေကိုယ်စားလှယ်လွှဲ စာ၊ အထူးကိုယ်စားလှယ်လွှဲစာရှိရင် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်တာ တို့ အမည် ပြောင်းတာတို့ကို ဝယ်သူ ကိုယ်တိုင် ဆက်လက်ဆောင်ရွက်လို့ ရပါပြီ စာဖတ်ပရိသတ်ကြီးရေ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...