fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာ
ပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု
ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား
၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်
စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ
ဝင်ရောက်နှောင့်ယှက်ခြင်း၊
စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊
မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
နားရှင်းအောင်ပြောရရင်
ပုဒ်မ၆၆(က) ဟာfb /gmail ကို ခိုးယူခြင်းပါ။Passwordပြောင်းခြင်းgmailပြောင်းခြင်းပါ။
ပုဒ်မ၆၆(ခ)။ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ်သို့မဟုတ်
အခြားနည်းနဲ့ဝင်ရောက်စေခြင်း
ရှင်းအောင်ပြောရရင်
ပုဒ်မ၆၆(ခ)link အတုတွေကတဆင့် အချက်အလတ် passwordခိုးယူခြင်းပါ။
ပုဒ်မ၆၆(ဂ)။ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊
လိမ်လည်ခြင်း၊အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း
နားရှင်းအောင်ပြောရရင်*****
ပုဒ်မ၆၆(ဂ)online shopping ကတဆင့်ငွေလိမ်ယူခြင်းမျိုးပါ။
ပုဒ်မ၆၆(ဃ)။ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကို
ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊
မလျှော်သြဇာသုံးခြင်း ၊ခြိမ်းခြောက်ခြင်း
မရိုးဖြောင့်သော့နည်းဖြင့်ပြန်လည်ဖြန့်ဝေခြင်း
ရှင်းအောင်ပြောရရင်
ပုဒ်မ၆၆(ဃ)fb ကတဆင့်
လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ mentionခေါ်ဆဲခြင်း၊
ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊
ပျက်ဆီးစေမှုနဲ့ tag တွဲခြင်း၊
post ကို share အဖြစ်တင်ခြင်း၊မရိုးသားသည့်သဘောဖြင့်Photo Comment ပြုလုပ်၍ မန့်ခြင်း
စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကကိုယ်တိုင်တရားဆွဲစရာမလိုပဲကြားလူတစ်ယောက်က
အမှု့ဖွင့်ပေးရုံနဲ့ ရပါတယ်။
screenshot သက်သေ
အထောက်အထားနဲ့ ကျိန်းသေ
ထောင်ကျအောင်ချလို့ရတယ်။
ချမှတ်ပြီးသားဉပဒေအတွင်းမှာ
ဟောင်းသွားတာမရှိဘူး
ဉပဒေမပြုရသေးခင်သာ
နောက်ကြောင်းပြန်အရေးယူမရတာ။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
Related Posts

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

"ငွေချေး ၊ ငွေယူသူများအတွက် သိကောင်းစရာ"
ဒေါ်တင်မိုးခိုင် (ပြည်)ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေကြတော့သည့်အလျောက် ငွေကြေးများ ချေးငှားရယူ၍သုံးစွဲကြရာတွင် အချို့မှာ မိမိလုပ်ငန်း တကယ်အဆင်မပြေ၍ ချေးငှားရယူထားသော ငွေကြေး များကို ပြန် လည်မပေးဆပ်နိုင်ကြသော်လည်း ၊ အချို့မှ...