ချေးငွေအတွက် ညှိနှိုင်းပေးခြင်း -

ချေးငွေအတွက် ညှိနှိုင်းပေးခြင်း -

တစ်နေ့က လူတစ်ယောက် ရုံးခန်းတွင် အမှုကိစ္စတစ်ခုလာရောက်ဆွေးနွေးပါသည်။ ကျွန်တော်အသိမိတ်ဆွေတစ်ယောက်ကို စေတနာနဲ့ကူညီပြီးု ငွေချေးပေး ထားတာရှိပါတယ်ဆရာ အတိုးမပါပါဘူး အဲ့ဒါသူက ငွေအနည်းငယ်တော့ပြန်ဆပ်ပေမဲ့ ကျန်ငွေကို မဆပ်ဘဲရှောင် နေတယ်ဆရာ အဲ့ဒါဘယ်လိုလုပ်သင့်သလဲဟု ဆွေနွေးပါသည်။ ကျွန်တော်က ငွေပြန်မရရင်တော့ တရားစွဲမှ ရပါလိမ့်မယ် တရားစွဲရင်တော့ ကုန်ကျစရိတ် အချို့နဲ့ ၊ အချိန်ကာလတစ်ခု ကြာမည်ဖြစ် ကြောင်းဆွေးနွေးပေးပါသည်။ ထို့အပြင် ၎င်းရမည့်ငွေပမာဏသည် သိန်း (၃၀)ကျော်သာဖြစ်၍ ဆင်ဖိုးထက်ချွန်းဖိုးကြီးနိုင်ကြောင်း ၊ တစ်ဖက်လူကိုအရင်ရအောင်ဆက်သွယ်၍ ညှိနှိုင်းရန်နှင့် စာချုပ်ပြုလုပ် ထားသင့်ကြောင်း ထည့်သွင်းရှင်းပြပေးလိုက်ပါသည်။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ဆွေနွေးကြပြီးနောက် ညှိနှိုင်းနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု အဖြေထွက်သဖြင့် ၎င်းက ငွေချေးထားသူကို ဆက်သွယ်၍မရသေးသော်လည်း ၎င်း၏ မိဘများကိုတော့သိကြောင်း သူတို့အား ဆက်သွယ်၍ ညှိနှိုင်းရန်ပြောမည်ဖြစ်ကြောင်း၊ ထိုသို့ပြောပါလျှက်မညှိနှိုင်းလျှင် ၎င်းအား တရားစွဲမည်ဟု သူ့မိဘများအား အသိပေးမည်ဖြစ် ကြောင်း ပြောပြီးပြန်သွားပါသည်။ 

ငွေရလိုသူက နောက်(၂)ရက်အကြာတွင် ဖုန်းဖြင့် ကျွန်တော်ထံဆက်သွယ်လာပါသည် ။ ငွေပေးရမည့်သူက ဆက်သွယ်လာသဖြင့် ညှိနှိုင်း၍ စာချုပ်ချုပ်လိုပါသည်ဟု ပြောလာပါသည်။ ထို့ကြောင့်ကျွန်တော်က ရှေ့နေရုံးခန်းတွင်ချုပ်လိုကချုပ်နိုင်ကြောင်း၊ ပြင်ပတွင်တွေ့ဆုံ၍ ချုပ်မည်ဆိုပါကလည်း ချုပ်နိုင်ကြောင်း ပြန်လည်ဖြေကြားပေးရာ ငွေရလိုသူက ရှေ့နေ့ထံတွင်သာ ချုပ်လိုသည်ဟု အဖြေပြန်ပေးပါသည်။ ၎င်းက ရှေ့နေထံတွင်ချုပ်လိုသည်မှန်သော်လည်း တစ်ဖက်ငွေပေးရမည့်သူက ရှေ့နေနှင့်ချုပ်ပေးရမည်ဆိုလျှင် ချုပ်မပေးနိုင်ဟု ငြင်းဆန်၍ ရှောင်နေနိုင်သဖြင့် ၎င်း၏သဘောဆန္ဒကို မေး၍၎င်းကိုဆုံးဖြတ်ခိုင်းလိုက်ပါဟုအကြံပြုပေး လိုက်ပါသည်။ ထို့နောက် ငွေပေးရမည့်သူကလည်း သဘောတူသည်ဟုသိရသဖြင့် မိမိ၏ ရှေ့နေရုံးခန်းတွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြရန် ရက်ချိန်းပေးလိုက်ပါသည် ။

ထို့သို့ညှိနှိုင်းသည့်နေ့တွင် ကျွန်တော်က ငွေရလိုသူအား (၁၅) မိနစ်ခန့်စောလာရန် ကြိုတင်မှာကြား ထားပါသည်။ ငွေပေးရမည့်သူ၏ရှေ့တွင် မပြောသင့်သည့်စကားများကို ကြိုတင်ဆွေးနွေးရန် ဖြစ်ပါသည်။ ငွေရလိုသူရောက်လာသောအခါ ကျွန်တော်က ဘယ်လိုညှိဖို့ သဘောရှိသလဲဟု မေးရာ ၎င်းက (၂)လလျှင် (၁၀)သိန်းနှုန်းနဲ့ (၆)လအတွင်း အ‌ပြေအကြေ

အပြီးလိုချင်တယ် ဆရာဟုဖြေပါသည်။ 

၎င်း၏ လိုချင်မှုသည် မျှတသည်ဟု ကျွန်တော်ကမှတ်ချက်ပြုလိုက်ပြီး လိုချင်တာကတော့မှန်တယ်ဗျ ဒီမှာတစ်ခုကြိုတင်စဉ်းစာထားရမဲ့ကိစ္စရှိတယ် ကိုယ်က (၆)လ အတွင်းလိုချင်တယ်ပြောပေမဲ့ သူက (၁)လ တစ်သိန်းပဲပေးနိုင်ပါမည်ဟု ပြောလာလျှင် မည်သို့ဆောင်ရွက်မည်နည်းဟု ကျွန်တော်ကမေးလိုက်ပါသည်။ 

ထိုအခါသူက (၆)လအတွင်းပဲပြီးချင်တယ်ဆရာ အဲ့လို့ညှိနှိုင်းပေးပါဟု မချင့်မရဲဖြင့် ပြောဆိုလာပါသည်။ 

ထို့ကြောင့် ကျွန်တော်က ငွေရလိုသူအား ခင်ဗျားကို ကျွန်တော်ပြောတာက မညှိနှိုင်းပေးဘူးလို့ ပြောတာမဟုတ်ဘူး အဲ့လိုညှိနှိုင်းသော်လည်း ငွေပေးရမည့်သူက ထိုငွေ ပမာဏအား မတတ်နိုင်ကြောင်း၊ ၎င်းပေးဆပ်နိုင်မည့်ငွေပမာဏသည် မည်မျှသာဖြစ်ကြောင်း ပြောဆိုလာလျှင် မည်သို့ဆက်လက်ဆောင်ရွက်ကြမည် နောက်ဆုံး ငွေပမာဏမည်မျှရလျှင် လက်ခံမည်ကို မေးခြင်းဖြစ်ကြောင်းပြောရာ ၎င်းက ဆရာဘဲအကြံပြုပါဟု ပြောလာပါသည်။ 

ထို့ကြောင့် ကျွန်တော်က (၆)လအတွင်း မဆပ်နိုင်လျှင် (၁)နှစ်အတွင်းဟုညှိနှိုင်းပေးမည်ဖြစ်ကြောင်း ထိုသို့ညှိနှိုင်းသော်လည်းအဆင်မပြေသေးလျှင် (၁)နှစ်ခွဲဟု ညှိနှိုင်းကြည့်မည်ဖြစ်ကြောင်း ထိုသို့အဆင့်ဆင့်ညှိနှိုင်းပြီးနောက် (၁)လလျှင် (၁)သိန်းနှုန့်ဖြင့်ပေးမည်ဆိုလျှင်လည်း လက်ခံသင့်ကြောင့် ထိုထက်နည်းလျှင်တော့ လက်မခံနိုင် ဟုငြင်းသင့်ကြောင်း အကြံပြုလိုက်ပါသည်။ ထိုသို့အကြံပြုရခြင်းမှာ ဆွေးနွေးပွဲ မဖြစ်မြောက်လျှင် တရားစွဲရန် အပြင်အခြားနည်းလမ်းမရှိတော့၍ဖြစ်ပါသည်။ တရားမစွဲဘဲ မိမိငွေအားပြန်လိုချင်လျှင် ယခုညှိနှိုင်းမှုတွင် ပြေလည်မှသာအဆင်ပြေနိုင်မည်ဖြစ်၍ မိမိဖက်မှလျော့နိုင်သ၍ လျော့ရပါ တော့မည်။ 

ကျွန်တော်တို့ကြိုတင် ဆွေးနွေးကြပြီးနောက် ငွေပေးရမည့်သူရောက်လာပါသည်။ ထိုအခါ ကျွန်တော်က ငွေပေးရမည့်သူအား ငွေပြန်ပေးရန်ရှိသည်ဟု သိထားကြောင်း ၊ ထိုငွေကို အတိုးမယူဘဲ ကူညီထားကြောင်း ၊ ကျန်ငွေပမာဏမှာ သိန်း(၃၀)ကျော်ဖြစ်ကြောင်း မေးရာ ၎င်းက ဟုတ်ပါသည်ဟု ဖြေပါသည်။ ထို့နောက်ကျွန်တော်ကပင်ဆက်လက်၍ ယခုညှိနှိုင်းမူသည် မူ(၃)ရပ်နှင့် ကိုက်ညီရန်လိုကြောင်းပြောပြီး မူ(၃)ရပ်ကို ချမှတ်ပါသည်။ အဆိုပါမူ (၃)ရပ်မှာ 

(၁) ဖြစ်ချင်တာ

(၂)ဖြစ်သင့်တာ 

(၃)ဖြစ်နိုင်တာဟူ၍ဖြစ်ပါသည်။ 

ဖြစ်ချင်တာကို အရင်စပြောခိုင်းပါသည်။ ငွေရလိုသူက ငွေကို တစ်လုံးတည်းကို ချက်ခြင်းရချင်သည် မှန်သော်လည်း ဖြစ်သင့်သည်နှင့်တွဲ၍ (၂)လလျှင် (၁၀)သိန်း နှုန်းနှင့် (၆)လအတွင်း အကြေရချင်သည်ဟု စတင်ပြောဆိုပါသည်။ ထိုအခါ ငွေပေးဆပ်ရမည့် သူက ၎င်းမှာ ပုဂ္ဂလိက ဝန်ထမ်းဖြစ်ကြောင်း ၊ ယခုတွင် ခိုင်မာသောအလုပ်မရှိသေးကြောင်း ထို့ကြောင့် (၁)လလျှင် (၁)သိန်းနှုန်းဖြင့်သာ ပေးဆပ်နိုင်ကြောင်း ပြောလာပါသည်။ ငွေပေးဆပ်ရမည့် တုန့်ပြန် ကမ်းလှမ်းချက်သည့် ကျွန်တော်တို့နောက်ဆုံးမဖြစ်မနေမှ လက်ခံမည်ဟု ဆုံးဖြတ်ထားသည့် ကိစ္စဖြစ် နေပါသည်။ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းဟုဆိုသလို အထွင်းခံလိုက်ရသဖြင့် နည်းဗျူဟာကို ချက်ခြင်းပြောင်းရပါတော့သည်။ ထို့ကြောင့် ကျွန်တော်က ငွေပေးဆပ်ရမည့် သူအား ငွေ(၃၁)သိန်းကို (၁)လ (၁)သိန်းနှုန်းဖြင့်ဆိုလျှင် ဘယ်နှစ်လဆပ်မလဲ ဟုမေးလိုက်ရာ ၎င်းကြိုတင်မတွက်ကြည့်ထားသည့် အမေးဖြစ်၍ ခေတ္တစဉ်စားသွားပါသည်။ ကျွန်တော်က ဆက်လက်၍ (၁)လ (၁)သိန်းနှုန်းဖြင့်ဆိုလျှင် (၃၁) ကြာမည်ဖြစ်၍ (၂)နှစ်နှင့် (၇)လ ကြာမည်ဖြစ်ပါကြောင်း နှင့် အတိုးမပါဘဲ မိတ်ဆွေဖြစ်သူက ကူညီခဲ့သည့်ငွေကို ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ပြန်ဆပ်မည်ဟု ပြောခြင်းသည် ဖြစ်သင့်ပါသလား။ ကျွန်တော်ချမှတ်ထားသော မှု (၂)နှင့် ကိုက်ညီပါ၏လားဟု မေးခွန်းထုတ်၍ စဉ်းစားစေပါသည်။ ၎င်းတွင်အဖြေမရှိပါ ။ စာဖတ်သူများစဉ်စားကြည့်ပါ ၎င်း၏တုန့်ပြန်ချက်သည် ၎င်းဖြစ်ချင်သော ကိစ္စဖြစ်သော်လည်း ဖြစ်သင့်သည့်ကိစ္စဖြစ်ပါ၏လော့ ။ 

ကျွန်တော်ကတော့ မဖြစ်သင့်သည့်ဟု ထင်မြင်မိသဖြင့် ငွေပေးဆပ်ရမည့်သူအား မဖြစ်သင့်ကြောင်း အကျိုးအကြောင်းရှင်းပြ၍ နှစ်ဦးနှစ်ဖက်ပြေလည်စေရန် (၁)နှစ်အတွင်း အချိန်ကာလတစ်ခုသတ်မှတ်ရန် စတင်တိုက်တွန်းပြောဆိုပါသည်။ ထိုအခါ ငွေပေးဆပ်ရမည့် သူက ၎င်း၏ ဝင်ငွေဖြင့် မဖြစ်နိုင်ကြောင်း ပြောဆိုလာပါတော့သည်။ ယင်းအချက်သည့် ကျွန်တော်က ယခုဆွေးနွေးဝိုင်းအတွက် ချမှတ်ထားသည့် နောက်ဆုံးမူ (၃) ဖြစ်နိုင်တာ ဟူသော အချက်ဖြစ်ပါသည်။ 

ငွေပေးဆပ်ရမည့်သူကမူ(၂) ဖြစ်သင့်ကြောင်းကို မငြင်းဆန်တော့သော်လည်း မူ(၃) ဖြစ်နိုင်ခြင်း မရှိပါဟု အဆိုပြုလာပါသည်။ ကျွန်တော်တို့ဆွေးနွေးဝိုင်းကလေးသည့် အကျဉ်းအကြပ်ထဲသို့ တစ်ဖြေးဖြေးခြင်း ကျရောက်လာပါသည်။ ငွေရရန်ရှိသူကတော့ ဘာမှဝင်မပြောပါ အဘယ်ကြောင့် ဆိုသော် ကျွန်တော်နှင့် ကြိုတင်သဘောတူညီမှုရရှိထားပြီး ကျွန်တော်တို့ နောက်ဆုံးလက်ခံမည့် ပမာဏကို မရောက်သေးသဖြင့် ၎င်းအနေဖြင့် ဝင်ရောက်ဆွေးနွေးရန်မလိုအပ်သေး၍ မဆွေးနွေး ခြင်း ဖြစ်ပါသည်။ 

ထို့ကြောင့်ကျွန်တော်ကပင် ငွေပေးဆပ်ရမည့်သူအား မေးခွန်းတစ်ခုထပ်မံမေးလိုက်ပါသည်။ ငွေကို ယခုချက်ခြင်းဆပ်ရမည်မဟုတ်ဘဲ (၁)နှစ်အတွင်းဆပ်ရမည်ဖြစ်၍ ငွေပေးဆပ်ရမည့်သူမှာ ယခုစာချုပ်တွင် ငွေပေးဆပ်ရန် မလိုသေးဘဲ အာမခံခြင်းဆိုသည့် အဆင့်တွင်သာရှိသေးကြောင်း၊ အားမခံခြင်းကိစ္စကိုပင် မဆောင်ရွက်နိုင်လျှင် ငွေရမည့်သူအနေဖြင့် မည်သို့မျှယုံကြည်နိုင်မည် မဟုတ်ကြောင်း မိမိသည်ငွေရမည့်သူဖြစ်လျှင် အဆိုပါကိစ္စသည် ဖြစ်သင့်သော ကိစ္စဟုတ်မဟုတ် ကိုမေးမြန်လိုက်ပါသည်။ 

ထိုအခါ ငွေပေးဆပ်ရမည့်သူက ကတိပေးပြီး မဆပ်နိုင်လျှင် ကတိပျက်ရာပြုမည်စိုးသည်ဟု ပြောပါသည်။ ပေးဆပ်နိုင်သည့် ပမာဏကို ကတိပြုသည်ဆိုသည့်တိုင် မိမိပျက်ကွက်လိုလျှင် ပျက်ကွက်မည်သာဖြစ်၍ လုပ်ရပ်ဖြင့်သာ သက်သေပြနိုင်မည်ဖြစ်ကြောင်း ၊ (၁)နှစ်အတွင်းဟု အာမခံထားသော်လည်း အမှန်တစ်ကယ် ပုံမှန်ကြိုးစားပေးဆပ်လျှင် ငွေရမည့်သူအနေဖြင့် ဆက်လက်စောင့် ရမည်ဆိုစေအုံးတော့ စောင့်ပေးနိုင်ကြောင်း သို့မဟုတ် ပါလည်း ဥပဒေအရ ဆောင်ရွက်နိုင် ကြောင်း၊ မိမိအနေဖြင့် မိမိတတ်နိုင်သမျှကို ရိုးသားကြိုးစားစွာ အားထုတ်ရန်လိုကြောင်း၊ ထိုသို့မဟုတ်ဘဲ အချိန်ကြာမြင့်စွာစောင့်ရမည်ဆိုပါ မဖြစ်သင့်ကြောင်း ၊ တရားဥပဒေအရ ဖြေရှင်းမည်ဆိုပါက နှစ်ဦးနှစ်ဖက်စလုံး ၊ ငွေကြေးကုန်ကျခြင်း၊ အလုပ်အကိုင်ပျက်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ဖြစ်ကြရမည်ဖြစ်ကြောင်း ၊ မိမိ၏ဘဝတွင်လည်း မဖြစ်စလောက်သော ငွေကြေးဖြင့် ဖျက်မရသည့် အမည်းစက် စွန်းထင်းသွားမည်ဖြစ်ကြောင်း ၊ ယခုဘဝမဆပ်နိုင်လျှင် နှောင်သံသရာတွင် ဆပ်ရနိုင်ကြောင်း ၊ စသည်ဖြင့် တရားရှည်ကြီးတစ်ပုဒ်အား နေ့လည်စာအငတ်ခံ၍ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ရပြီး နောက်ဆုံးတွင် ငွေရမည့်သူနှင့် ငွေပေးဆပ်မည့် သူတို့ (၁)နှစ်စာချုပ်ဖြင့် ခေတ္တပြေလည်မှု ရရှိသွားကြပါတော့သတည်း။ 

ညှိနှိုင်းဆွေးနွေးမှုဖြင့်အဖြေရရှိနိုင်ကြပါစေ။ 

Credit-OLL.B Group Myanmar Law Firm

 

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate