စတိုးဆိုင်က ဝယ်ပြီးချုပ်တဲ့ စာချုပ်တံဆိပ်ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----
12-Aug-21
ကျွန်မကအရပ်ပွဲစားတစ်ယောက်ပါ.အခန်းအေရာင်းအဝယ်/ဌားရမ်းတဲ့ ကိစွတွေမှာ စတိုးဆိုင်ကဝယ်တဲ့ စာချုပ်နဲ့ဘဲ လုပ်လေ့ရှိပါတယ်.အဲ့ဒီစာချုပ်တွေက ရောင်းမှား ဝယ်မှား ဖြစ်လို့ ပြသာနာတက်လာရင် တံဆိပ်ခေါင်းခွန်မပြည့်လို့ဆိုပြီး သက်သေခံအဖြစ်ကပယ်ဖျက်ခံရနိုင်ပါသလား.တရားဝင်တဲ့စာချုပ်ဖြစ်အောင် တံဆိပ်ခေါင်းခွန်ဘယ်လောက်တန်ဖိုးရှိတဲ့ စာချုပ်နဲ့ချုပ်ဆိုရမလဲဆိုတာသိလိုပါတယ်.
အရောင်းအဝယ် စာချုပ်တို့.အဌားစာချုပ်တိူ့လုပ်တဲ့အခါမှာ အလွယ်တကူဘဲ စတိုးဆိုင်ကအသင့်ရိုက်ပြီးသား စာချုပ်ကိုဝယ်ပြီးချုပ်လေ့ရှိကြပါတယ်.အဲ့လို စာချုပ်ချုပ်တဲ့အခါမှာ ဥပဒေဘောင်ဝင် ၊ မဝင် ဆိူတဲ့ ပြသာနာပေါ်ပေါက်လာပါတယ်
ဒီလိုစာချုပ်တွေဟာ တရားဝင် ၊မဝင်ဆိုတဲ့ အပိုင်းကတော့ နိုင်ငံတော်ကပြဌာန်းထားတဲ့စာချုပ်စာတမ်းဥပဒေဆိုတာရှိပါတယ်.ပဋိဉာဥ်ဥပဒေ၊ ပစွည်းလွှဲပြောင်းခြင်းဥပဒေ၊ တံဆိပ်တော်ခွန်ဥပဒေ နဲ့ အခွန်ဥပဒေ တွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ ညီညွှတ်ခြင်းမရှိပါဘူး
နှစ်ဦးသဘောတူစာချုပ် ချုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ရုံးခွန်တော်ကတော့
၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော်
ဥပဒေ အမှတ် ၁၄
တံဆိပ်ခေါင်းဥပဒေ ပြင်ဆင်တဲ့ ဥပဒေဖြစ်တဲ့
အပိုဒ် ၅ ၊ အပိုဒ်ခွဲ (ဃ)အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်းနှင့် ချုပ်မှသာလျှင် ဥပဒေ အရ တရားဝင်မှာဖြစ်ပါတယ်.
အသင့်ရိုက်ထားတဲ့ စာချုပ်တွေဟာ ဆိုရင်ပုံစံတူတွေဖြစ်ပါတယ်. ဒါပေမဲ့ ချုပ်ဆိုတဲ့လူများဟာ အကြောင်းခြင်းရာ ကွဲပြားပါလိမ့်မယ်.
ပုံစံတူစာချုပ်တွေဟာ ကွဲပြားတဲ့အကြောင်းချင်းရာတွေ မပါတဲ့အတွက် တစ်စုံတစ်ရာ ပြသာနာပေါ်ပေါက်လာရင် ဖြေရှင်းရခက်ပါတယ်.
ဖြေရှင်းရခက်တဲ့အတွက် စာချုပ်အမျိုးအစားသည်
တစ်ခု နှင့်တစ်ခု တူချင်မှ တူမှာပါ.အကြောင်းချင်းရာလဲ တူချင်မှတူမှာပါ. ဒါ့ကြောင့် ဥပဒေ အရ
အပေါ်ကပြောခဲ့တဲ့ ဥပဒေ တွေနဲ့ဘောင်ဝင်အောင်
ချုပ်ဆိုသင့်ပါတယ်
တံဆိပ်တော်ခွန် ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းထမ်းဆောင်ခြင်း မရှိတဲ့ စာချုပ်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံခွင့်မရှိဘူးလိူ့ ဥပဒေ ပြဌာန်းထားတဲ့အတွက်ကြောင့် ဥပဒေ နှင့်အညီ ပြုလုပ်သင့်ကြောင်းအကြံပြုလိုပါတယ်