Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင်

Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင်
အိုးအိမ်က Owner Book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။ မေတ္တာညွန့် ဘက်မှာပါ။ ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန် ခိုင်မာ မှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။
++++++++++++++++++++++++++++++++++++++
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။ စာချုပ်ပြီး တာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။ ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ်။
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။ Owner Book အမည်ပေါက် ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power(SP)ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။ အဲ့ဒီလို ကိုယ်စားလှယ် လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးမှ ခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျင် တရားဝင် အတည် ဖြစ်ပါတယ်။ အရှုပ်အရှင်း ရှိ/မရှိတော့ မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။ ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြားကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။ (၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီး အပိုင် ဝယ်လို့ရပါတယ်။ ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီးမကုန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate