ပါမစ်မြေအား ဂရန်လျောက်ထားခြင်း

နိုင်ငံတော်အစိုးရက ချလန်ပေးထားပြီးတော့မှ မြေချပါမစ်ထုတ်ပေးတာ ဖြစ်ပါတယ်။
မြေချပါမစ်က သုံးစုံ ရှိပါတယ်။
တစ်စုံကို ပိုင်ရှင်အားပေးပြီး ကျန်နှစ်စုံကိုသက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။
ပိုင်ရှင်ထံရှိ တစ်စုံမှာ ပိုင်ရှင်၏ ဓာတ်ပုံ တစ်ပုံ၊ ဝန်ခံကတိပြုတဲ့စာရွက်သုံးရွက် ပါရှိပါတယ်။
ဒီအချက်အလက်လေးတွေ စုံလင်စွာပါရှိရင်တော့ ပါမစ်မြေကို အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။
ပါမစ်မြေအား ဂရန်လျှောက် တော့မယ်ဆိုရင်တော့ ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို ဌာနကို ပြန်အပ်ပြီးမှသာ ဂရန်လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
အမည်ပေါက်ပိုင်ဆိုင်သူထံမှတစ်ဆင့်၀ယ်ယူသူဖြစ်ပါက-
အမည်ပေါက်ပိုင်ဆိုင်သူထံမှ တစ်ဆင့်ဝယ်ယူထားသည့် အရောင်းအဝယ်ကတိစာချုပ်၊ဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်
သက်ဆိုင်ရာ မြေယာကော်မတီသို့ မြေယာဖော်ထုတ်စရိတ် နှင့် မြေယာစီမံခန့်ခွဲခွင့်စရိတ်ပေးသွင်းထားသည့် ငွေသွင်းချလန်မူရင်း နှင့်မိတ္တူ
အမည်ပေါက်ပိုင်ဆိုင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ
ဝယ်ယူသည့်မြေ (သို့မဟုတ်) မြေ နှင့် အဆောက်အဦးအတွက် ရှေ့၊ နောက်၊ဘေး၂ဖက် စုစုပေါင်း ဓာတ်ပုံ ( ၄ ) ပုံ အစရှိသည့် အချက်အလက် များ ဂရန်လျှောက်ထားရာတွင် လိုအပ်ပါသည်။
အထူးသတိပြုရမည့် အချက်ကတော့ မြေကွက် မဝယ်မီ သက်ဆိုင်ရာ ဌာနမှာ ပိုင်ဆိုင်မှုအထောက်အထားမှန်မှန် စစ်ဆေးပြီးမှသာ စရံငွေ ပေးချေခြင်း၊ဝယ်ယူခြင်း ပြုလုပ်သင့်ပါသည်။
မိတ်ဆေွတို့အနေနဲ့ မြေပိုင်ဆိုင်မှု နှင့် ဝင်ငွေရလမ်း အထောက်အထားပြရုံဖြင့် နှစ်ရှည်အရစ်ကျ စနစ်နဲ့ အိမ်၊ အဆောက်အဦးများ ေဆာက်လုပ်နိုင်ပါပြီ။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
- စာချုပ်ရေးပုံရေးနည်း
- စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
- ကားအမည်ပြောင်းသက်တမ်းတိုးရန်
- စာချုပ်စာတမ်းများမှတ်ပုံတင်ရန်အတွက် တင်ပြသည့်စာချုပ်စာတမ်းနှင့်အတူလိုအပ်သည့်မူရင်းစာရွက်စာတမ်းများ................................................... အရောင်းအဝယ်စာချုပ်.....
- လယ်မြေကို ဂရန်မြေအဖြစ်လျှောက်
- ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ
- စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ
- စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ
- အသေးစားငွေချေးလိုင်စင်
Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ
မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား
စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ
'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...