လင်မယားကွဲချင်တာမှာ ယောက်ျားက လက်မှတ်ထိုး မပေးရင် မိန်းမဘက်က ဘယ်လိုကွဲလို့ရပါသလဲ။

လင်မယားကွဲချင်တာမှာ ယောက်ျားက လက်မှတ်ထိုး မပေးရင် မိန်းမဘက်က ဘယ်လိုကွဲလို့ရပါသလဲ။
စွန့်စားတီထွင် လုပ်ငန်းစလုပ်ချင်သူတွေအတွက် သိစေချင်လို့ ပြောပြပါမယ်။
" ကုန်အမှတ်တံဆိပ် အမှတ်အသားကို မှတ်ပုံတင် ပြီး ထုတ်လုပ်ဖြန့်ချီ သုံးစွဲဖို့ စာချုပ်စာတမ်း နဲ့ စာရင်းသွင်းခြင်းပါ။ အမှတ်တံဆိပ် ( logo) တွေရဲ့ နောက်နားမှာ (R) ဆိုပြီး စာလုံးလေး မြင်ဖူးကြမှာပါ။ သဘောက registeration (မူပိုင်ရှင်ရှိကြောင်း မှတ်ပုံတင်ထားခြင်း)ပါ။
နေရာက ရန်ကင်း မိုးကောင်းဘုရားနားက စာချုပ်စာတမ်းရုံး ဖြစ်ပါတယ်။ 
လိုအပ်တာက မိမိ အမှတ်တံဆိပ်အတွက် အသိသက်သေ နှစ်ယောက် ခေါ်သွားရပါမယ်။ မှတ်ပုံတင်ရှိ မည်သူမဆို ရပါတယ်။
ငွေ (၁၀၀) ကျပ်တန် တံဆိပ်ခေါင်း ပါတဲ့ စာချုပ် (၃) စောင် လိုပါတယ်။
ရုံးရောက်ပြီ ဆိုတာနဲ့ 
၁/ စာချုပ်ဝယ်ပြီး အမှတ်တံဆိပ် (လိုဂို) ပုံ ကပ်ရပါတယ်။ စာချုပ်ထဲမှာ အချက်အလက်တွေ ဖြည့်ပြီး လက်နှိပ်စက်စာစီတဲ့လူတွေထံမှာ ကုန်အမှတ်တံဆိပ်အကြောင်း အသေးစိပ်ရိုက်ခိုင်းရပါတယ်။ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရိုက်ရပါတယ်။ ( ရိုက်ပြီးသားပုံစံတွေ ရှိပြီးသားပါ) 
၂/ စာရွက်စာတမ်းများပြည့်စုံလျင် ဦးစီးမှူးအခန်းဝင်တွေ့ဖို့ စာရွက်တွေထပ်ထားရပါတယ်။ ကိုယ်အလှည့်ရောက်ပါက သက်သေနှစ်ယောက်နှင့်အတူ ဦးစီးမှူးနဲ့ တွေ့ရပါတယ်။ မေးမြန်းတာတွေကို ဖြေကြားပြီး ဦးစီးမှူးလည်း လက်မှတ်ထိုး၊ ကိုယ်တိုင်လည်း လက်မှတ်ထိုး၊ သက်သေနှစ်ယောက်လည်း လက်မှတ်ထိုးရပါတယ်။
၃/ တစ်ခါ ဌာနမှူးနှင့် ထပ်တွေ့ဖို့ ဦးစီးမှူးလက်မှတ် ထိုးထားပြီး စာရွက်တွေကို ထပ်ထားရပါတယ်။ အလှည့်ရောက်လျင် ဌာနမှူးနဲ့ တွေ့ပြီး အမှတ်တံဆိပ်ပေါ်မှာ လက်မှတ်ထိုးပေးပါတယ်။ 
၄/ လက်ဗွေ နှိပ်ရန်အတွက် စာရေးမတွေဆီ ပေးရပါတယ်။ ရုံးမှာတင်ခဲ့မည့် စာချုပ်တွေမှာပါ လက်ဗွေနှိပ်ပြီး ချလံယူရန် တစ်ဖက်စားပွဲကို သွားရပါတယ်။
၅/ အားလုံးပြီးစီးလို့ ချလံရပြီဆိုရင် သီတင်းပါတ် (၃)ပါတ် ကြာပါမှ ရခဲ့တဲ့ချလံယူပြီး ရုံးကိုပြန်သွားရမှာဖြစ်ပါတယ်။
၆/ ကုန်ကျစားရိတ်ကတော့ ၃၀၀၀ ကျပ် ဝန်းကျင်သာ ကုန်ကျပါတယ်။
တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းများ များစွာပေါ်ထွက်လာစေဖို့ မျှော်လင့်ပြီး မျှဝေးပေးခြင်းဖြစ်ပါတယ်။
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate