တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
တိုက်ခန်းဝယ်တော့မယ်ဆိုရင်.
တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။
အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။
ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။
စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။
ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။
တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။
ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။
ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
တိုက်ခန်း အပြီးအပိုင် ဝယ်မှာဖြစ်တဲ့အတွက် သက်သေခံ အထောက်အထား ရထားဖို့အတွက် ကန့်ကွက်တာတွေ ရှိမရှိ သတင်းစာမှာ ကြော်ငြာသင့်ပါတယ်။
ခုနစ်ရက်ပြည့်လို့ ကန့်ကွက်သူမရှိမှ အပြီးအပိုင် စာချုပ်ချုပ်သင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ။
တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။
အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။
မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။
Credit-OriginalUploder
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...