အမွေပစ္စည်းခွဲဝေမှု

15-Aug-21
အမွေပစ္စည်းခွဲဝေမှု
အမေး
====
ကျွန်တော့အဖေက အိမ်ထောင်သုံးဆက်ရှိပြီး သားသမီးတွေလည်း မွေးခဲ့ပါတယ်။ မွေးချင်းစုစုပေါင်း ၁၀ ယောက်ရှိပါတယ်။ အခုခါမှာ အဖေမရှိတော့တဲ့အတွက် အမွေပစ္စည်းတွေကို ဘယ်လိုခွဲဝေရမလဲဆိုတာ သိလိုပါတယ် ။
=======================
အဖြေ
====
ပြည့်စုံတဲ့မေးခွန်းတော့ မဟုတ်ဘူး။ အိမ်ထောင်သုံးဆက်ဆိုတာက တစ်ယောက်နဲ့ပေါင်းပြီးတော့မှ နောက်တစ် ယောက်ယူတာလား၊ နှစ်ယောက်စလုံးနဲ့ပေါင်းနေစဉ် မှာ တတိယဇနီးယူတာလားဆိုတာ မရှင်းပါဘူး။ ဒါမှ မဟုတ် ဆုံးပါးသွားလို့ တစ်ယောက်ပြီးမှ တစ်ယောက်ယူတာလား ဆိုတာလည်း မေးခွန်းထဲမှာ မပါပါဘူး။ အမွေခွဲရင် ဒါတွေက အရေးကြီးပါတယ်။ ဇနီးဆုံးသွားပြီးမှ နောက်တစ်ယောက်ယူရင် အမွေခွဲပုံက တစ်မျိုး ရှိတယ်။ တစ်ယောက်နဲ့ကွာပြီးတော့ မှ ဒုတိယနဲ့ တတိယကို ယူတယ်ဆိုရင်လည်း အမွေခွဲပုံက တစ်မျိုးပေါ့။ ပထအိမ်ထောင်နဲ့ ကွဲရင် ပစ္စည်းခန်း တစ်ခါတည်းရှင်း ခဲ့ရတာပါ။ ရှင်းပြီးမှ နောက်ထပ်ယူလို့ရတာကိုး။ 
အဓိက ကတော့ ကျန်ခဲ့တဲ့ပစ္စည်းပါ။ ဥပမာအားဖြင့် ကျန်ခဲ့တဲ့ပစ္စည်းက ပထမဇနီးနဲ့ ရထားတဲ့ အမွေရ ထက်လက်ပွား ပစ္စည်းတွေလား၊ နှစ်ပါးစုံ ပစ္စည်းတွေလား ဒါမှမဟုတ် ဒုတိယဇနီးနဲ့ အိမ်ထောင်ဖက်တုန်းမှာ ပွားတဲ့ လက် ထက်ပွားပစ္စည်းလား၊ နှစ်ပါးစုံပစ္စည်းလား ဒါတွေကို မေးခွန်းမှာ ပြည့်ပြည့်စုံစုံမေးရမယ်။ ပြည့်စုံမှသာ ဘယ် ပစ္စည်းကို ဘယ်လောက်အချိုးနဲ့ ဘယ်သူကနေ ဘယ်လိုယူရမယ်ဆိုတာ အဖြေပေးရမှာ ဖြစ်ပါတယ်။
ပထမအိမ်ထောင်က ပါလာတဲ့ပစ္စည်းက ဒုတိယအိမ်ထောင်နဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုတဲ့ မူကလည်းရှိပါတယ်။ ဒါကတစ်ခုပေါ့။ ဖအေတူအမေကွဲ သားသမီးတွေက မယားပြိုင်တစ်ဦးရဲ့ အမွေကို မရနိုင်ဘူးဆိုတဲ့ မူလည်း ရှိသေးပါတယ်။ ပထမဇနီးနဲ့ ကွာလိုက်ပြီဆိုရင် သူနဲ့ပါသွားတဲ့သားသမီးတွေဟာ ဖခင်နောက်အိမ်ထောင်ပြုရင် သက်ဆိုင်မှု မရှိတော့ဘူး။ ဒါကြောင့် အမွေခွဲတာက ကိတ်မုန့်ခွဲရတာလောက် မလွယ်ကူပါဘူး။ နောက်မေး မယ်ဆိုရင် ဘယ်ဇနီးနဲ့ ပေါင်းနေတုန်းမှာရတဲ့ လက်ထက်ပွားလား၊ အထက်က ပါလာတဲ့ပစ္စည်းလား၊ ခန်းဝင် ပစ္စည်းလား၊ ဆိုတဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ မေးဖို့လိုပါတယ်။
========================
အမေး
====
မိဘများကွယ်လွန်ပြီးဖြစ်သော်လည်း အမွေမခွဲရသေးပါ။ မောင်နှမ ၅ ယောက်ရှိပါတယ် ။ အမွေဆိုင် ပစ္စည်းများအနက် ခြံမြေတစ်ကွက်ကို အကိုကြီးဖြစ်သူက လွန်ခဲ့တဲ့နှစ်ကတည်းက ရောင်းစားခဲ့ပါတယ် ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရပါသလား ။
===============================
အဖြေ
====
သားသမီး ၃ ယောက်ရှိတယ်ဆိုပါစို့။ မိဘတွေဆုံးရင် သူတို့ခံစားခွင့်ရှိတာပေါ့။ အစ်ကိုကြီးက အပြင်မှာနေ တယ်၊ ဂရန်ကလည်းသူဆီမှာ ရှိတယ်။ ဘာလုပ်တတ်လဲဆိုတော့ သားသမီး ကျွန်တော် တစ်ဦးတည်း ရှိပါတယ် ဆိုတဲ့အနေနဲ့ ကျမ်းကျိန်တယ်၊ သူ့နာမည်နဲ့ ပြောင်းတာတွေလုပ်တယ်၊ သူတစ်ဦးတည်းပိုင်တဲ့ အနေနဲ့ပြန် ရောင်းတာမျိုးတွေလုပ်တယ်။ အဲဒီလိုလုပ်တော့ ကျန်တဲ့သားသမီးက သိချင်မှသိမယ်၊ ဝယ်တဲ့သူကလည်း ဝယ်တာပေါ့။ အဲလို့ဆိုရင် သက်ဆိုင်ရာကို တိုင်ရမှာပေါ့။ အရင်ခေတ်က “စ” သုံးလုံး ကိုတိုင်ကြပါတယ်။ ခုတော့ အဂတိလိုက်စားမှုတို့၊ လွှတ်တော်၊ သမ္မတ၊ လူ့အခွင့်အရေးကော်မရှင် စသည်ဖြင့် တိုင်လို့ရပါတယ်။ 
အဲလိုတိုင်ရင် ဝယ်လိုက်တဲ့သူကလည်း ရောင်းတဲ့သူကို သူ့တစ်ဦးတည်းပိုင်ပစ္စည်းဆိုပြီး လိမ်လည် ရောင်းတဲ့ အတွက် တရားစွဲလို့ရတယ်။ ကျန်တဲ့မောင်နှမတွေက သူ့ကို လိမ်လည်မှုနဲ့ တရားစွဲဖို့ ခက်ပါတယ်။ မရပါဘူး။ သက်ဆိုင်ရာက နေပြီး မြေစာရင်းရုံးမှာ သူ့နာမည်ပြောင်းတယ်ဆိုရင် မြေစာရင်းရုံးက သူ့ကိုစွဲရမှာပါ။ မမှန်မ ကန် ကျမ်းကျိန်ပြီးလျှောက်တဲ့အတွက် မြေစာရင်းရုံးက သူ့ကိုစွဲ။ ဝယ်လိုက်တဲ့ သူကလည်း စွဲ၊ မောင်နှစ်မ တွေကတော့ လိမ်လည်နေတယ်ဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ သက်ဆိုင်ရာသိအောင် ကြော်ငြာရမယ်၊ တိုင်ရပါမယ်။ အဲလို့ပဲ လုပ်လို့ရမယ်လို့ ဖြေကြားချင်ပါတယ်။

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate