အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ 

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ 

ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ 

ရပါတယ်။ 

ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊ မြေပိုင်မြေ၊ စကွာတာမြေစတာတွေကို ရပ်ကွက်၊ လမ်း၊ မြေကွက်အမှတ်၊ အမည်ပေါက်ဘယ်သူစတာတွေကို 

သွားစစ်ရပါမယ်။

အွန်လိုင်းမှလည်း စစ်လို့ရပါတယ်။ 

အောက်တွင် ဖော်ပြထားပါတယ်။ 

https://app.ycdc.gov.mm/city_plan/index.php

https://app.ycdc.gov.mm/city_plan/form_check_ownername.php

သက်ဆိုင်ရာစာရွက်ကို ဓါတ်ပုံရိုက်ပြီး တင်ပေးရပါမယ်။ တချို့ ပိုင်ရှင်တွေက ကြောက်ပြီး ပေးမရိုက်ရင်၊ သူတို့ကို ကိုယ်တိုင်ရိုက်ပြီး စည်ပင်ကို ကိုယ်က ပိုက်ဆံပေးပါ။ ဓါတ်ပုံရိုက်ပြီး တင်တာက ပိုင်ဆိုင်မှု အထောက်အထားကို ဘာမှ မထိခိုက်တဲ့အတွက် ကိုယ်ရောင်းမှာ မှန်ကန်တယ်ဆို ဘာမှာ ကြောက်စရာမရှိပါဘူး။ 

ဒါမှမဟုတ် စည်ပင်က အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပါပေးသေးတယ်။ ပုံ ၂ကို ကြည့်ပါ။ အမည်ပေါက်မှန်မမှန် စစ်ဆေးခက ၃၀၀၀၀ ပတ်ဝန်းကျင်လို့သတ်မှတ်ထားပါတယ်။ 

၇ ရက် ၁၄ ရက်ပြည့်ပြီးမှသာ အရောင်းအဝယ်စာချုပ်ချုပ်ရန် စည်ပင်မှာပဲ မြေပုံကူးရပါမယ်။ 

https://app.ycdc.gov.mm/city_plan/information.php?id=1

ကြာမြင့်ချိန် နှင့် ဝန်ဆောင်ခများ

https://app.ycdc.gov.mm/city_plan/information.php?id=4

ပုံ ၃ ကို ကြည့်ပါ။ သတ်မှတ်ရက်ပြည့်မှသာ မြေပုံကူးတဲ့ အလုပ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 

လုပ်ဆောင်ရမဲ့ link က ဒီမှာပါ။ 

https://app.ycdc.gov.mm/city_plan/form_copymap.php

ပုံ ၄ တွင်ကြည့်ပါ။

Credit-OriginalUploder

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate