စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ

ယခုအခါ အရပ်ဘက်တွင် စာချုပ်အမျိုးမျိုး ချပ်ဆိုနေကြသည်ကို တွေ့ရသည်။ ငှားရမ်းသည့်ကိစ္စ ၊ အရောင်း အဝယ်ကိစ္စ၊ ငွေချေးသည့်ကိစ္စ၊ အ ပေးအယူ သဘောတူကတိပြုကြသည့်ကိစ္စ စသည်တို့ဖြစ်သည်။

ထိုသို့ ချုပ်ဆိုရာတွင် ဗဟုသုတ အတွေ့အကြုံ အတန်အသင့်ရှိနေသူ များ စာ ချုပ် ရေးသားလေ့ရှိပါသည်။ အချို့မှာမူ အခြားသူများ ရေးသားချုပ်ဆိုထားခဲ့ပြီးဖြစ်သော စာချုပ် နမူနာများကို ကြည့်ရှု၍ ရေးသားကြပါ သည်။ အချို့မှာမူ အသင့် ရိုက်နှိပ်ထားပြီးဖြစ်သော စာချုပ်ပုံစံများကို အသုံးပြုကြသည်ကို တွေ့ရသည်။

ထိုသို့ ချုပ်ဆိုကြရာတွင် အရှုပ်အရှင်း တစ်စုံတစ်ရာမရှိကြောင်းဖြင့် ထည့်သွင်းချုပ်ဆိုသော အရောင်း အဝယ် စာချုပ်များအကြောင်းလည်း ပါရှိကြမည် ဖြစ်ပါသည်။ ထိုအကြောင်းနှင့် စပ်လျဉ်းသည့် အဖြစ်အပျက် ကလေးတစ်ခုကို သတိပြု သင်ခန်းစာယူနိုင်ကြစေခြင်းငှာ တင်ပြပါမည်။

အရောင်းအဝယ် သဘောတူကတိစာချုပ်တစ်ခုတွင် ဖြစ်ပါသည်။

ဝယ်ယူသူက စရန်သတ်ပါသည်။ စရန် သတ်ချိန်တွင် ရောင်းသောပစ္စည်းနှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ မေးပါသည်။ ရောင်းသူက မရှိကြောင်း ဖြေပါသည်။ ရောင်းသူ၏ အာမခံချက်ဖြင့် စာချုပ်ချုပ်သောအခါ စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုပါသည်။

‘ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်း တစ်စုံ တစ်ရာ မရှိကြောင်း တာဝန်ယူ ဝန်ခံကတိ ပြုပါသည် ’ ဟူ၍ ဖြစ်ပါသည်။

ဝယ်ယူသည် အဆိုပါ အရောင်းအဝယ် သဘောတူ ကတိပြုစာချုပ်ပြုလုပ်ထားပြီးသည့် နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆက် လက်ဝယ်ယူရန် ဆန္ဒမရှိ ဖြစ်လာပါသည်။ သို့မဟုတ် ငွေရေးကြေးရေး အခက်အခဲကြောင့် ချိန်းဆိုသတ်မှတ်သည့် နေ့တွင် ငွေအကျေမချေနိုင်သည့် အခြေအနေဖြစ်နေပါသည်။ ငွေဆက်လက် မချေနိုင်ပါက စရန်အဆုံး ဖြစ်တော့မည် ဖြစ်သည်။

စရန်လည်း မဆုံးအောင်၊ မိမိ၏ ပျက်ကွက်မှုကြောင့် မဖြစ်ရလေအောင် ဝယ်ယူသည် ဤသို့ ပြုမှုဆောင်ရွက် လာပါသည်။

ကြားလူတစ်ယောက်၏ နာမည်ဖြင့် အရောင်းအဝယ်ကိစ္စကို ကန့်ကွက်ကြောင်း သတင်းစာမှ ထည့်သွင်း ကြေညာပါသည်။ ဝယ်သူထံသို့လည်း ကန့်ကွက်ကြောင်းစာ ပေးပို့စေပါသည်။ ပိုင်ရေးဆိုင်ခွင့် အထောက် အထားများနှင့် ကန့်ကွက်ခြင်း မဟုတ်ဘဲ သာမန်ကန့်ကွက်သည်ဆိုသည့် သဘောဖျက်မြင်းအနေဖြင့် ကန့် ကွက်ခြင်း ဖြစ်ပါသည်။ ယင်းကန့်ကွက်စာကိုပြပြီး ဝယ်သူက ရောင်းသူကို ဤသို့ တောင်းဆိုပါသည်။ ရောင်း စဉ်က အရှုပ်အရှင်း မရှိဟုဆိုပြီး ရောင်းသည်။ ယခုမူ အရှုပ်အရှင်းပေါ်နေပြီ ဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်သည့်အတွက် ဆက်လက် မဝယ်လိုတော့ပါ။ စရန်ငွေကိုသာ ပြန်လည် ပေးအပ်ပါရန် တောင်းဆိုသည်။

ကန့်ကွက်ခြင်းသည် အခြေအမြစ်မရှိ ကန့်ကွက်ခြင်း ဖြစ်သည်။ ယင်းကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးပါမည်ဟု ရောင်းသူက ပြောသော်လည်း စာချုပ်တွင် အောက်ဖော်ပြပါအတိုင်း နောက်ဆက်တွဲ အပြည့်အစုံ ဖော်ပြ ချုပ်ဆိုခြင်း မရှိခဲ့သည့်အတွက် ဝယ်သူ လှည့်သည့်အတိုင်း ဝယ်သူ စရန်ပြန်တောင်းသည့်အတိုင်း ရောင်းသူက လိုက်လျောလိုက်ရပါသည်။

‘ ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိကြောင်း ၊ အကယ်၍ အရှုပ် အရှင်း တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူက မိမိစရိတ်ဖြင့် အကုန်အကျခံ ဖြေရှင်းဆောင်ရွက် ပေး မည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းဆောင်ရွက်ပေးပါလျက် ဝယ်သူ နစ်နာဆုံးရှုံးမှုဖြစ်ရပါက ယင်းနစ်နာမှုအတွက် ရောင်းသူက ပေးလျော်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်’ ဟူ၍ မဖော်ပြခဲ့သည့်အတွက် ဖြစ်ပါသည်။

(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၄၃ ) / #DVBlawlab

 
Credit-OriginalUploder
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

ရွာမြေ၊ဥယျဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား

ရွာမြေ၊ဥယျဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား

မေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။ဖြေ။ ။ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါ၊လို. မြို.နယ်ကြေးတိုင်နှင့်မြ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate