မြေကွက်အရောင်းအဝယ်စရံပေးကတိစာချုပ်
15-Aug-21

ဆရာရေ ..... ကျွန်မ က (ပေ ၆၀ X ပေ ၄၀) မြေကွက်ကိုတဝက်ခြမ်းပြီး ဝယ်ယူထားပါတယ်။ကျွန်တော်အမည်ပေါက်ပိုင်ရှင် ကဂရန်မူရင်းယူပြီးကျွန်တော်က ဂရန်မိတ္တူနဲ့ရပါတယ်။ ကျွန်မ သိချင်တာက ခိုင်မာမှု့ရှိ/မရှိနဲ့ နောင်အခါ ဂရန်မူရင်းကိုင်ထားသူနဲ့ အရှုပ်အရှင်းရှိနိုင်လားဆိုတာသိချင်ပါတယ်။
မြေဂရန်မူရင်းကိုင်ထားသူသည်
ပေ(၄၀×၆၀)တစ်ခုလုံးကို ကိုင်ဆောင်ထားခြင်းဖြစ်၍ မေးမြန်းသူ ဝယ်ယူထားသည့် ဧရိယာပေ(၂၀×၆၀)နှင့် ပက်သက်သည့် မြေပိုင်ဆိုင်မှုကို ၎င်းမှ ရယူထားသလို ဖြစ်နေသည့်အတွက် ၎င်းဂရန်မူရင်းပျောက်ဆုံးသွားခြင်းဖြစ်စေ၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်းများ ပြုမိပါက ဦးစွာနစ်နာမှုရှိသူမှာ မိမိပင်ဖြစ်ပါမည်။
မြေခွဲရောင်းထားသောပေ (၂၀×၆၀) ကို ဝယ်ယူပြီး သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနတွင် မိမိအမည်ပေါက်ဖြင့် တရားဝင်ထွက်ရှိအောင် ဆောင်ရွက်ရပါမယ်။
ဂရန်မိတ္တူရှိရုံဖြင့် မြေပိုင်ဆိုင်သူဟု တစ်ထစ်ချမှတ်ယူမရတဲ့အတွက် အချိန်တွေကြာလာတာနဲ့အမျှ မြေကိစ္စပိုမိုရှုပ်ထွေးလာမှာဖြစ်ပါတယ်။
ပေ(၂၀×၆၀)ကို မြေခွဲမြေပုံလျှောက်ထားပြီး သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနတွင် အမှုတွဲဖွင့်ပြီး နှစ်(၆၀)ဂရန်စာချုပ်ကို မိမိအမည်ပေါက်ရရှိအောင် လျှောက်ထားဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။