ရွာမြေဝယ်ချင်လို့ဆရာ
12-Aug-21

ဘာတွေစစ်ဆေးပြီးဝယ်ယူရမလဲ
တိုးချဲ့လို့လည်းပြောကြတယ်။
ဝယ်ပြီးရင်ဂရန်ရောလျှောက်လို့ရပါသလား
သိပါရစေ။
မြို့နှင့်ကျေးရွာမြေ ပုဒ်မ ၄/၅ အရ မြို့မဟုတ်သည့် အိမ်ရာနေရာဆောက်လုပ်ရန် လျာထား သတ်မှတ်သည့် ဧရိယာနေရာကို ကျေးရွာဟု ခေါ်ပါသည်။
မြို့နှင့်ကျေးရွာမြေ ဥပဒေ ပုဒ်မ ၅ အရ ကျေးရွာတစ်ရွာ၏ နယ်နိမိတ်ကို သတ်မှတ်ပိုင်းခြားရန် နိုင်ငံတော်သမ္မတက "အမိန့်ကြော်ငြာစာ” ထုတ်ပြန်ရမည်ဟု ပါရှိပါသည်။
ဒါကြောင့် ရွာလူကြီးတို့လက်ညှိုးထိုးပြရုံမျှဖြင့် “ရွာမြေတိုးချဲ့ခြင်း" ဖြစ်ပေါ် မလာနိုင်ပါ။ “မြို့နယ် ထွေအုပ်/လယ်စီစာရင်း ဌာနကိုသွား၍ မေးမြန်းစုံစမ်းခြင်းဖြင့် အတည်ပြုချက် ရယူပြီးဝယ်ယူပါ။
တရားဝင် “ကျေးရွာမြေ (သို့) ရွာမြေ" တို့ကို စီမံချက်အရ “ကျေးရွာဂရန်” လျှောက်ထားခွင့် ရှိပါကြပါသည်။