အိမ်ခြံမြေကိစ္စ
14-Aug-21

ခုတလော အိမ်ခြံမြေကိစ္စပြောတော့
စျေးတွေက မကျဘူးပြောရမယ်။
ဟုတ်တယ်။ အခုအချိန်မှာ နေရာကောင်းတွေ အဝယ်လိုက်တယ်။
ဘာလို့လဲ ...
ငွေတွေ ဘဏ်ကထုတ်ပြီး အပုံလိုက်ကိုင်မထားချင်ဘူး၊
ဒေါ်လာ၊ရွှေက ထိန်းသိမ်းရပိုအလုပ်ရှုပ်တယ်၊ ခိုးခံ သိမ်းခံရနိုင်တယ်။
ဘဏ်ကထုတ်မရတဲ့ငွေတွေကို ibanking လွှဲလက်ခံအောင် ဈေးပိုပေးပြီး စိတ်ချရတဲ့ မြေပိုင်ဆိုင်မှုဝယ်ထားချင်တယ်၊
အချက်တွေအားလုံးမှာ လက်ရှိမြေအရောင်းအဝယ်လိုက်လာတာ ဈေးပေးလာတာတွေရဲ့ အဓိကတော့ ဘဏ်ပြဿနာနဲ့ ဆက်စပ်နေတာပါပဲ။
မျှမျှတတ ဖြစ်အောင် နှစ်ဦးနှစ်ဖက်ကျေနပ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
အဆင်ပြေကြပါစေ။