ကျမ်းကျိန်လွှာနဲ့ ပတ်သက်ပြီး သိထားသင့်တာနဲ့ သတိထား သင့်တာတွေ...

13-Aug-21
ကျမ်းကျိန်မယ်၊ ကျမ်းကျိန်လွှာ လိုတယ်၊ ကျမ်းကျိန်လွှာ လုပ်မယ်၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးကြောင်း၊ တော်စပ်ကြောင်း၊ ဇနီးဖြစ်ကြောင်း၊ ပျက်စီးကြောင်း၊ သက်ရှိထင်ရှား ရှိကြောင်း စသည်ဖြင့် ကျန်းကျိန်လွှာတွေ မျိုးစုံ လုပ်ကြပါတယ်။ လွယ်လွယ်လေး ကျမ်းကျိမ်နေကြတာ တွေ့ရတယ်၊ မှန်မှန်ကန်ကန် ကျမ်းကျိန်ရင်တော့ ဟုတ်တာပေါ့၊ မဟုတ်မမှန် ကျမ်းကျိန်ခဲ့ရင် ဘာဖြစ်နိုင်လဲ ဆိုတာလဲ သတိထား ရမယ်၊ ကျမ်းကျိန်တဲ့ ကိစ္စတွေက နေရာတိုင်းမှာ ရှိနေလို့ ကျမ်းကျိန်တာနဲ့ ပတ်သက်ပြီး သေချာ နားလည်ထား သင့်ပါတယ်။
* ကျမ်းကျိန်လွှာတွေဟာ ဥပဒေအရ သက်သေခံ မဝင်ဘူး၊ ဒါပေမဲ့ တန်ဖိုးအလွန်ကြီးတယ်၊ သူမပါရင် မဖြစ်သလောက်ပဲ။
* အမှန်တရားတွေ၊ မှန်တာတွေကို ကျမ်းကျိန်လိုက်ရင် အရမ်းအားသာမှု ရှိလာတယ်၊ 
* ကျမ်းကျိန်လို့ရတယ် ဆိုပြီး “မမှန်မကန်" ကျမ်းကျိန်ကြရင် ရတော့ရတယ်၊ အလိမ်ပေါ်တဲ့အခါမှာ ကိုယ်လိမ်ညာမိတဲ့ အပြစ်အလိုက် ပြစ်ဒဏ်ခံရမယ်၊ အပြစ်ဒဏ်က ထောင်ခုနစ်နှစ်အထိ ရှိတယ်၊ မနည်းဘူး၊ ပြစ်မှုပုဒ်မ ၁၉၃ တဲ့ သတိထား၊
* လူမျိုး ဘာသာမရွေး ကျမ်းကျိန်လို့ ရပါတယ်။
* သာသနာဝန်ထမ်းများ (ဘုန်းကြီး၊ သီလရှင်) ကျမ်းကျိန်လို့ မရပါဘူး၊
* ကျမ်းကျိန်ပြီး မှတ်ပုံတင်ရန် အချိန်ကာလ လေးလမျှသာ ရှိပါတယ်၊ တရားရုံးမှာ ပြုလုပ်ထားတဲ့ ကျမ်းကျိန်လွှာ တစ်စောင်ကို လေးလအတွင်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံမတင်ခဲ့ဘူးဆိုရင် ပျက်ပြယ်သွားတယ်၊ 
* သက်တမ်းကုန် Date ကုန်နေတဲ့ ကျမ်းကျိန်လွှာတွေကို သတိထားကြရမယ်။
* မှတ်ပုံတင်ထားတဲ့ ကျမ်းကျိန်လွှာ တစ်စောင်ရဲ့ သက်တမ်းက ဘယ်လောက်ရှိလဲ ဆိုရင် လိမ်ညာ ကျမ်းကျိန်ပါတယ် ဆိုတဲ့ ပြဿနာသာ ပေါ်မလာနဲ့၊ အဲဒီ ကျမ်းကျိန်လွှာတစ်စောင်ရဲ့ သက်တမ်းဟာ အကန့်အသတ် မရှိပါဘူး၊
* နိုင်ငံခြားမှာ ကျမ်းကျိန်ချင်ရင် သက်ဆိုင်ရာ မြန်မာသံရုံးက သံအမတ်ကြီး ဒါမှမဟုတ် သံရုံးတာဝန်ခံရှေ့မှာ ကျမ်းကျိန်လို့ ရတယ်၊ ဒါကို မြန်မာပြည်က တရားရုံးတွေက လက်ခံပါတယ်၊ 
* နေရာတကာမှာ လူလိမ်ဆိုတာ ရှိတတ်တာမို့ လိမ်လည် ကျမ်းကျိန်ကြတဲ့ လူတွေကို နစ်နာသူက တရားလိုလုပ်ပြီး တရားစွဲဆိုလို့ ရတယ်။ ရဲအရေးပိုင်တဲ့ အမှုကိစ္စတွေမှာ ရဲက တရားလိုပေါ့၊ တချို့လိမ်ညာ ကျမ်းကျိန်ကြတာတွေမှာ နစ်နာသူလည်း မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုတွေလည်း မဟုတ်ဘူးဆိုရင် နိုင်ငံတော်က တရားလို လုပ်ပြီး တရားစွဲလို့ရတယ်၊ ဥပမာ - မှတ်ပုံတင်နဲ့ မြေဂရန်မူရင်းများ ပျောက်ဆုံးသွား တယ်လို့ လိမ်ညာ ကျမ်းကျိန်ပြီး ဂရန်အသစ် ထပ်မံထုတ်ယူဖို့ ကြိုးစားတာမျိုးတွေမှာ ဘယ်သူမှ မနစ်နာပါဘူး၊ ဒါပေမဲ့ လိမ်ညာ ကျမ်းကျိန်ပြီး မကောင်းမှုကို ပြုကြတာ ဖြစ်တဲ့အတွက် နိုင်ငံတော်က တရားလိုလုပ်ပြီး တရားစွဲလို့ ရပါတယ်၊ ဒီအမှုမျိုးတွေမှာ နိုင်ငံတော် ဆိုတာ ရဲနဲ့တရားရုံး ပါပဲ။
Credit
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate