ယနေ့ခေတ်အများဆုံးအလိမ်ခံရတာကတရားမဝင်ငွေတိုးပေးစားသူတွေ
13-Aug-21

( ငွေတိုးပေးစားသူတွေ )..
၅ကျပ်တိုး / ၁၀ကျပ်တိုး / နေ့ပြန်တိုးစသဖြင့်
ပေး / ယူတဲ့သူကယူ / အစပိုင်းအတိုးမှန်မှန်ပေး / နောက်ပိုင်းအတိုးမလာ အရင်းပျောက်
ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ငွေယုံ
ကြည်အပ်နံမှု့စာချုပ်နဲ့ချည်နှောင် ..
ဘယ်နေ့ ဘယ်ရက်ပေးပါမယ် ကတိပြု လက်မှတ်ထိုး / သတ်မှတ်ရက်ရောက်လို့
မပေးနိုင်တော့ ရာဇသတ်ပုဒ်မ ၄၀၆ ( ယုံ
ကြည်အပ်နှံဖောက်ဖျက်မှု့ ) နဲ့အမှု့ဖွင့်..
တချို့ ငွေချေးတယ် သက်သေတွေရှိတယ်..
ငွေယူသူက ငွေချေးသူကို တချို့တဝက်ပြန်
ဆပ်တယ် ( ကျပ်တည်းလာတော့ မဆပ်နိုင် )
မဆပ်နိုင်တော့ ရာဇသတ်ပုဒ်မ ၄၂၀ ( လိမ်လည်မှု့ ) နဲ့ အမှု့ဖွင့်..
( စုမဲကိုင်တယ် ) ..
ပေးရမယ့်သူကို မပေးဘူး ( တစ်ပတ်ခန့်တိမ်းရှောင် ) ပြန်လာတော့ ရစရာရှိသူတွေကို ရပ်ကျေးရုံးတွေမှာ ဘယ်နေ့ဘယ်ရက်ပေးပါမယ်ဆို ကတိဝန်ခံချက်တွေ လက်မှတ်
ထိုး / သတ်မှတ်ရက်ရောက်လို့ မပေးနိုင် / ဖွင့်ပီ အမှု့ ရာဇသတ်ပုဒ်မ ( ၄၂၀ / ၄၀၆ ) စသ
ဖြင့်...
( စဥ်းစားရမှာက )..
ပြစ်မှု့ မြောက်မမြောက် ဆိုတဲ့အချက်ပါ..
ရာဇသတ်ပုဒ်မ ၄၂၀ ( လိမ်လည်မှု့ ) ဆိုတာ..
ငွေ စတင်ယူကတည်းက မရိုးမဖြောင့်တဲ့ရည်ရွယ်ချက်နဲ့ ယူတဲ့အကြောင်း နစ်နာသူက
ခိုင်လုံတဲ့သက်သေပြနိုင်မှသာ အဲ့ဒီပုဒ်မနဲ့အမှု့ဖွင့်အရေးယူလို့ရမှာပါ..
ကိုယ်ချေးတာတဲ့ငွေ ပြန်မရတာနဲ့အဲ့ဒီပုဒ်မနဲ့
အမှု့ဖွင့်လို့မရပါဘူး...ငွေယူသူက ချေးငွေထဲ
မှ တချို့ပြန်ပေးပြီးကြောင်း သက်သေပြနိုင်
ရင် ..မရိုးဖြောင့်တဲ့ရည်ရွယ်ချက်နဲ့ ငွေယူ
တာမဟုတ်တဲ့အတွက် ရာဇဝတ်မှု့မမြောက်ဘဲ ငွေရလိုမှု့ တရားမကြောင်းအရသာ တရားစွဲနိုင်မှာပါ..
( ထိုနည်းလည်းကောင်း )..
ရာဇသတ်ပုဒ်မ ၄၀၆ ( ယုံကြည်အပ်နှံဖောက်ဖျက်မှု့ ) မှာလဲ ..ဖွင့်ချင်တိုင်း ဖွင့်လို့မရပါဘူး...
ငွေ ဘာကြောင့်အပ်နှံရသလဲ / ဘဏ်တွေဒီ
လောက်ပေါနေတာ / ဘဏ်မအပ်ဘဲ ဘာလို့
အပ်သလဲ ..( ကြည့်လိုက်ရင် ) ငွေအပ်တဲ့သူက တိုက် နဲ့ ကားနဲ့ ( အအပ်ခံသူက ) တဲသာ
သာ အိမ်နဲ့ ...( ယုတ္တိမတန် ) အမှု့ဖွင့်မရ....
နောက်ဆုံး ငွေရလိုမှု့ တရားမကြောင်းအရ
စွဲ ..အမှု့ကို နှစ်ပေါင်းများစွာရင်ဆိုင် / ရစရာ
ရှိတာ ၁၀ သိန်း / အမှု့စရိတ်က သိန်း ၅၀ /
နာပီးရင်းနာ ငွေရှင်တွေ ခမျာ ..နောက်ဆုံးအ
ဆင့် တစ်လ ဘယ်လောက်ပေးစေ အမိန့်ချ
တော့မှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်တွေဆင်းရဲ
တစ်လ နည်းနည်းချင်းသာပြန်ရ..
အလျဥ်းသင့်လို့ တဆက်တည်း သိသင့်တာက ပုဒ်မ ၄၂၀ နဲ့ ၄၀၆ ( ဘာကွာသလဲ )??
ရာဇသတ်ပုဒ်မ ၄၂၀ ( လိမ်လည်မှု့ ) မြောက်ဖို့ မရိုးဖြောင့်တဲ့ရည်ရွယ်ချက်နဲ့ ငွေ ( သို့ )
ပစ္စည်း လက်ခံရယူပြီး ပြန်မပေးရင် ပြစ်မှု့
မြောက်ကာ..
ရာဇသတ်ပုဒ်မ ၄၀၆ ( ယုံကြည်အပ်နှံဖောက်
ဖျက်မှု့ )က မိမိယုံကြည်စွာအပ်နှံထားတဲ့ ငွေ
( သို့ ) ပစ္စည်း လက်ခံရယူပြီး ပြန်မပေးရင်ပြစ်မှု့မြောက်ပါတယ်..
( အရပ်သား နားလည်အောင်ပြောရရင် )..
မဖြူဟာ မင်္ဂလာဆောင်သွားစရာရှိလို့ မနီ
ထံက လက်ဝတ်လက်စားတွေ ငှါးတယ် / မနီ
ကလဲ ယုံကြည်စွာပေးတယ်..
မင်္ဂလာဆောင်မှာ မဖြူ ဝတ်ဆင်တယ် ( ပြန်
မပေးတော့ဘူး ( ဆိုရင် ) ရာဇသတ်ပုဒ်မ ၄၀၆ နဲ့အမှု့ဖွင့်နိုင်ပီး..
မင်္ဂလာဆောင် တကယ်မရှိဘဲနဲ့ မင်္ဂလာပွဲမှာ
ဝတ်ဆင်ဖို့ဆိုကာ လက်ဝတ်လက်စားတွေ
လက်ခံရယူပီး မဖြူက မနီကို ပြန်မပေးရင်
စယူကတည်းက မရိုးဖြောင့်သောရည်ရွယ်
ချက် ( မရှိတာကိုရှိတယ်ပြောပြီးယူ ) တဲ့
အတွက် ရာဇသတ်ပုဒ်မ ၄၂၀ ( လိမ်လည်မှု့ ) နဲ့ အမှု့ဖွင့်နိုင်မှာပါ..
( မည်သို့ ဆိုစေကာမူ )..
ခုလို ကျပ်တည်းနေတဲ့ကာလမှာ ..မိမိချွေး
နည်းစာ ငွေတွေ လူလိမ် ကလိမ်ကကျစ်တွေ
ထံ ပါမသွားရလေအောင် ..အထူးဂရုပြုကြ
စေလိုခြင်းကြောင့်တကြောင်း..
ပြဿနာတစုံတရာဖြစ်ပေါ်လာခဲ့သည်ရှိသော် အမှု့ဖွင့်ချင်တိုင်း ဖွင့်လို့မရကြောင်း
သိစေလိုခြင်းကြောင့် တကြောင်း..
လိမ်လည်မှု့အကြောင်း လေ့လာသိရှိရသမျှ
သတိပြုဆင်ခြင်နိုင်စေရန် တင်ပြအပ်ပါတယ်..
အလိမ်ခံရတတ်ပါသည်..
( လေးစားလျက် )
ရေးသားသူဆရာခင်ဝင်း