ဘီလီယျံနာ သူကြွယ် သူဠေးကြီး တွေကတော့ အတိတ်ဘဝက ကုသိုလ်ကံရယ် အခုလက်ရှိ ဘဝမှာလည်း ကြိုးစားအား ထုတ်ကြလို့ရယ်

25-Apr-23 Knowledge
ဘီလီယျံနာ သူကြွယ် သူဠေးကြီး တွေကတော့ အတိတ်ဘဝက ကုသိုလ်ကံရယ် အခုလက်ရှိ ဘဝမှာလည်း ကြိုးစားအား ထုတ်ကြလို့ရယ်

          ဘီလီယျံနာ သူကြွယ် သူဠေးကြီး တွေကတော့ အတိတ်ဘဝက ကုသိုလ်ကံရယ် အခုလက်ရှိ ဘဝမှာလည်း ကြိုးစားအား ထုတ်ကြလို့ရယ် ချမ်းသာ  ကြွယ်ဝ ကြသည် ထင်ပါရဲ့ ။ ( အထင် အမြင်လေးပါ😁 )
တစ်ချို့ ကျပြန် တော့လည်း မိဘ အမွေလေးကို မျှော်ကိုးရင်း လက်ကြော မတင်းတာတွေ ရယ်ကြောင့် 
အမွေပစ္စည်း  ရရှိတယ် ထားအုံး ကုဠေရှစ်ဆယ် သူဠေးသား လိုမျိူး သုံးရင်း မစုမိတတ်ရင်း တိုးပွားအောင် မလုပ်တတ်ရင်း ကုန်ပါလေရော ။ အမွေဆိုတဲ့ အမျိုးက ထိုက်မှရတယ်  ဆိုတာကလည်း တအားကို မှန်နေပါတယ် ။ မောင်နှမ သားချင်းများတဲ့ သူတွေ ဆို အမွေပုံကြီးခွဲ ဝေယူကြ တဲ့အခါ အဝေမတည့်လို့ မခေါ်နိုင်မပြောနိုင်  ဖြစ်ကုန်  ကြပါတယ် ။ အမွေဆိုတဲ့ အရာကို ရရှိသွားတဲ့  သူတွေကျပြန်တော့လည်း ရရှိတာလေးကို ရင်းနှီးမြုပ်နှံပြီး တိုးပွားအောင် လုပ်ကာ ရှိနေရင်း  ထက်ကို ချမ်းသာ သွားကြတာလည်း  ရှိပြန်ပါတယ် ။
ဒါကြောင့် မချမ်းသာချင်  တဲ့သူ  ဘယ်မှာမှ  ရှိမှာမဟုတ်ပါဘူး ။ လူတွေက ချမ်းသာအောင် လုပ်တဲ့နည်းဆိုပြီး အင်တာနက် မှာရော စာအုပ်ထဲမှာရော ရှာဖွေကြ ပြန်ရော ( ကိုယ်အပါ အဝင်ပေါ့😁 )


      “ရပြီ ဘာမှမမက် မောဘူး စားဖို့သောက်ဖို့  ရှိရင်ရပြီ  ”  ဆိုတဲ့ သူတွေလည်း ပါစပ်က နေတာပြောနေတာ  ဘဝသံဿရာ  အတွက် နိဗ္ဗာန်သွားရာ  လမ်းမှာ  အထောက်အကူ  ပြုမယ့် ဒါနလေးတော့ လုပ်ချင်  ကြတာပဲလေ ။
မိမိ  အသက်ကို တန်ဖိုးထား  သူများဟာ " အချိန် " ကို လေးစား တန်ဖိုးထား ကြသူများ ပင်
ဖြစ်ပါတယ် ။ မိမိရဲ့  အချိန်များ အလဟာသ ဖြစ်ပြီး လူပင်ပန်းသွား  ရတာကို ဘယ်သူကမျှ ကြိုက်မည်
မဟုတ်ပါ ။ နဂိုရှိသော ဝင်ငွေများ ဆထက်  တိုးပွားပြီး ချမ်းသာ  ကြီးပွားမည့်  သူများ အနေဖြင့် 
ရေရှည် ရင်းနှီး မြုပ်နှံမှု့  အတွက်ပဲဖြစ်ဖြစ်  ၊  ခနတာ ဝယ်ထားခဲ့ပြီး ပြန်ရောင်းမှာ ပဲဖြစ်ဖြစ် 
အချိန်ကုန်  သက်သာပြီး လိုချင်တဲ့  နေရာမှာ အလိုရှိသော   စျေးအတိုင်း ဝယ်ယူရရှိနိုင်ရင် ပိုကောင်းပြီး အဆင်ပြေ  ကြမည်မဟုတ်လား။  အိမ်ခြံ မြေ များကို တိကျမှန်ကန် စျေးနှုန်း မှန်ကန်စွာနဲ့  သက်တောင့်သက်သာ 
ဝယ်ယူခွင့်  ရရင်တော့ အချိန်ကုန်  လူပင်ပန်း သက်သာတာပေါ့ ။


ဒီလို  မဟုတ်ဘဲ -
     တနေကုန်  တနေခမ်း  မြေပြင်မှာ နေရာကောင်း မြေကွက်လေး  တစ်ကွက်အတွက် ကြိုးစားပမ်းစား  ရှာခဲ့ဖူးတယ် ။  စီးပွားရေးလုပ်ငန်း  အတွက်  ၊  ရုံးခန်း ၊ ဆိုင်ခန်း  နေရာအတွက် အဆောက်အဦး  ဆောက်ဖို့ မြေနေရာ ရှာခဲ့တယ် ။ Online မှာလည်း ရှာခဲ့ပေမယ့် အကြိုက် တွေ့တာရော မတွေ့တာတွေရော  စုံလင်လို့ မြေပြင်မှာ လိုက်ကြည့် တဲ့အခါ ရောင်းထွက်သွား  တာတွေ  နှင့် တော်တော်လေး စိတ်ပင်ပန်းလူပင်ပန်းခဲ့ကြတာတွေလည်းရှိတာပေါ့။(ဘယ်အရာမှ မလွယ်ကူလှတဲ့ လောကကြီး လိုမျိုး )
ရင်းနှီး  မြုပ်နှံမှု့မှာ အဓိကကျတဲ့ အိမ်ခြံမြေ  ရောင်းဝယ်  ငှားခြင်း  ဆိုင်ရာ အခွင့်အရေး  ၊  အခွင့်အလမ်းများကို တိုင်းတာတဲ့ အခါ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံ  ပြီဆို  ကတည်းက နောင်မှာ အလားအလာ  ကောင်းမယ့်  မြေစျေး  ၊  (  ပိုင်ဆိုင်မှု့  )  စာရွက်  စာတမ်း တိတိကျကျ ရှိနေမှု့  ၊  လမ်းပမ်း  ဆက်သွယ်ရေး  ကောင်းမွန်မှု့  ၊   လူနေစည်  ကားမှု့ စတာတွေ  အပြင် ဝယ်လိုတဲ့ စျေး ဝယ်လိုတဲ့နေရာ ပြည့်ပြည့်စုံစုံ  ရှိနေမှု့  တို့ပဲ  ဖြစ်ပါတယ်  ။
မိမိက အိမ်ခြံ မြေ မှာ ရင်းနှီး  မြုပ်နှံ  ခြင်းဆိုင် ရာကို အပြည့်အ၀  နားလည်တယ် ဆိုရင်တော့ 
လက်ထဲမှာ  ပိုနေတဲ့ ငွေတွေဟာ အလဟာသ မဖြစ်တော့ဘဲ တိုးပွားနေမှာပဲ ဖြစ်ပါတယ်။


⚠️     မတော်တဆ ကိုယ်ဝယ်မိတဲ့ အိမ်ခြံ မြေက သတိမမူ  ဂူမမြင် ဟုဆိုသလို
သတိ မထားမိဘဲ စာရွက် စာတမ်း မခိုင်မာ တာတွေ အရှုပ်အရှင်း 
ရှိတာတွေ ​ဖြစ်နေခဲ့ရင် အေးချမ်းစွာ မနေထိုင်ရဘဲ ပူပန်နေရ တော့မှာပါ။
လူတော်တော်  များများက အိမ်ထောင် ပြုပြု  ပြီးချင်းမှာ မိသားစု တစ်စု တည်ထောင် ရန်အတွက် အိမ်ခြံမြေများကို ဝယ်ယူဖို့ ရှာဖွေကြပါတယ်။


           အလုပ်နေရာ နဲ့  နီးတာ  ၊ ကိုယ် Business လုပ်တဲ့ နေရာဒေသမှာ အခြေချချင်တာ စတာတွေကြောင့် 
အိမ်လေး တစ်လုံး ပိုင်ဆိုင် နိုင်ဖို့ ရှာဖွေကြိုးပမ်း ကြရပါတယ် ။
ကိုယ်ဝယ် ယူလိုက်တဲ့ အိမ်ခြံမြေမှာ လည်း ပြောင်းရွေ့  ဖို့အတွက် ဖြစ်ပေါ်လာပါက တစ်ဖန်ပြန်ပြီး 
ရောင်းချ  တဲ့အခါ အမြတ်များများ နဲ့ အကျိုးအမြတ်တွေ ဖြစ်ထွန်းနိုင်ပါတယ်။
မိမိ  တို့အတွက် ၊  မိသားစုတွေ အတူတကွ နေထိုင်နိုင်  ဖို့ရန်အတွက် အိမ်ခြံမြေများကို ဝယ်ယူလိုက်  သည့်အခါတွင် လည်း မသမာသူတွေနှင့်ကြုံရပြီး ရောင်းမှား ဝယ်မှားတွေ ဖြစ်တတ်ပါသည် ။


           စာချုပ် စာတမ်းတွေ သေချာလေး  မစီစစ်မိလိုက်တာ ၊ စသဖြင့်ကြုံ တွေ့ရတဲ့အခါ 
ပြသာနာ ထုတ်ကို ရင်ဝယ်ပိုက်ပြီး မှောက်မိုက်သော  လမ်းကို ဆက်လျှောက် ရပေအုံးမယ် ။
မှောင်မိုက်  သောလမ်းကို ဘယ်သူကမှ လျှောက်ချင်  ကြမှာ  မဟုတ်ပါဘူး ။ အလင်းရောင် ရရှိတာ မြင်နေရတဲ့  လမ်းကိုသာလျှင်လျှောက်လို ကြပါတယ်  ။ အိမ်ခြံ မြေ လောကထဲကို ဝင်ရောက်ပြီး မိမိရဲ့  ဝင်ငွေများ  ဆထက်တိုးပွားအောင်  လုပ်မယ်  ဆိုလျှင်လည်း အိမ်ခြံ မြေ နှင့် ပတ်သက်သည့် အသိ ပညာ ဗဟုသုတ ကတော့ ရှိကိုရှိထား  ရမယ့်အရာပါ ။  မိမိက သေချာလေး နားလည်သဘော ပေါက်ထားပြီး အရာရာကို ဗုဒ္ဓ ဘုရားရှင်  ဟောကြားခဲ့သည့် “ သတိ  ဟူသည်ကား ပိုသည်မရှိ ” ဆိုသည့် စကားအတိုင်း စာရွက်စတမ်း ကအစ သတိရှိရှိလုပ်ကိုင်ဆောင်ရွက်ပါလျှင် မိမိလျှောက်တဲ့လမ်းဟာ အလင်းရောင်ပဲဖြစ်နေမှာပါ။
အိမ်ခြံမြေ လောကသား  အားလုံး အဆင်ပြေ ချော့မွေ့ကြပါစေ။
 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate