ဂရန်အမည်ပေါက်ကိုစုံစမ်းတော့ ရှာမရတော့ဘူး ဂရန်အမည်ပြောင်းဖို့ကျတော့ ဘယ်လိုလုပ်ရမလဲဆရာ
13-Aug-21

ဆရာကြည်စိုးICသင်ကြားချက်မှ
ကောက်နူတ်ရေးသားတင်ပြဖြေကြားလိုက်ပါမယ်(ဆရာ့သင်ရိုးတွေကမှတ်မိလွယ်ပါတယ်)
ဂရန်မြေ၏ပိုင်ရှင်””မရှိ"”တော့ပဲစာချုပ်ချုပ်နည်း
၁။ ''မရှိ''သူကို တရားစွဲပါ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် စွဲဆိုရသည်ဟု ပစ္စည်းလွှဲ-ပစ္စည်းလွှဲ၅၅(၁) (ဃ)တွင်ပါရှိပါသည်
၂။ ''မရှိ''သူကမလာပါ။ဒီတော့ တရာစွဲသူကပဲ အနိုင်ရပါမည်(တဖက်သတ်စစ်ဆေးခြင်း Emparty ဟုခေါ်ဆိုကြပါသည်)
၃။ တရားရုံး/ တရားသူကြီးမင်း၏ ''အနိုင်ဒီဂရီ''သည် ''စာရွက်''မျှသာဖြစ်ပါသည်။'စာရွက်'ကသာ အလုပ်မလုပ်နိုင်ပါ။ အလုပ်လုပ်နိုင်ရန် 'လူ'ဖြစ်လာဖို့လိုပါသည်။