စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မြေကွက် အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာတွင် တင်ပြရမည့် အထောက်အထားများ

စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မြေကွက် အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာတွင် တင်ပြရမည့် အထောက်အထားများ

စာချုပ်စာတမ်း မှတ်ပုံတင် ရုံး၌ မြေကွက် အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာတွင် တင်ပြရမည့် အထောက်အထားများ
( ၁ ) မြေငှားဂရန် မူရင်း (သို့) မြေပိုင်မြေ ဖြစ်က ပိုင်ဆိုင်မှုစာချုပ် မူရင်း
( ၂ ) မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ထုတ်ပေးသည့် တစ်နှစ်သက်တမ်း (Up Date) ရှိ အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုရန်သက်သေခံ မြေပုံ(၂)ချပ် နှင့် ရာဇ၀င်(၁)မူရင်း
(၃) ကာလတန်ဖိုး စီစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် ငွေသွင်းချလံ မူရင်းနှင့် အခွန်တံဆိပ်ခေါင်းများ
ရုံးခွန် တံဆိပ်ခေါင်း ရရှိရေးအတွက်
( က ) သက်ဆိုင်ရာ ကာလတန်ဖိုး စီစစ်သက်မှတ်ရေး အဖွဲ့သို့ ဂရန် (သို့) မြေပိုင်မြေ ပိုင်ဆိုင်မှုစာချုပ် ၊ အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရန် မြေပုံ ရာဇဝင် ၊ မြေကွက် ဓာတ်ပုံ(၃)ပုံ (ရှေ၊ဝဲ၊ယာ) ၀ယ်ယူသူ၏ နိုင်ငံသားကတ်နှင့် အိမ်ထောင်စု စာရင်း ၊ ခင်ပွန်း (သို့) ဇနီးနှင့်မိဘများ ကွယ်လွန်က မှတ်ပုံတင် သွင်းထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ၊ အရောင်းအ၀ယ် အရပ်ကတိစာချုပ် ၊ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်က အထူး ကိုယ်စားလှယ် လွှဲစာ ယင်းတို့၏ မိတ္တူ(၆)စုံ တင်သွင်းရပါမည်။
( ခ ) တိုင်း ကာလတန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့မှ နှစ်ပတ်အတွင်း မြေကွက်အတွက် တန်ဖိုးသတ်မှတ်ပြီးက သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနတွင် (၁၃.၈.၂၀၁၂)မှစ၍ တံဆိပ်ခေါင်းခွန်(၄%)နှင့် ၀ယ်ခွန်၃%ချလံ ရေးသွင်း၍ သက်ဆိုင်ရာ ဘဏ်တွင် ငွေသွင်းရပါမည်။ ယင်းဘဏ်ချလံဖြင့် မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းများ ထုတ်ယူရပါမည်။ မြို့နယ်အခွန်ရုံးမှ ၀င်ငွေခွန် ဥပဒေပုဒ်မ ၅၃ အရအခွန်တောင်းခံလွှာ ပတစ (၀င)-၈ ထုတ်ပေးပါသည်။
မှတ်ချက်## မြေတန်ဖိုး သိန်း၁၀၀၀ကျော်က နေပြည်တော်ရှိ သက်ဆိုင်ရာ ဋ္ဌာန၏အတည်ပြုချက် ရယူရပါမည်။
( ၄ ) မြေကွက် အရောင်းအ၀ယ် စာချုပ်(၁)စောင်
( ၅ ) ရောင်းသူ ဝယ်သူ သက်သေနှစ်ဦးတို့၏ နိုင်ငံသားစီစစ်ရေးကတ် မူရင်း
( ၆ ) ကိုယ်စားလှယ် လွှဲစာဖြင့် ချုပ်ဆိုက ပေးအပ်ထားသည့် ကိုယ်စားလှယ်လွှဲစာ(sp/GP) ပေးသူ ယနေ့တိုင် သက်ရှိထင်ရှား ရှိကြောင်းနှင့် ယင်းကိုယ်စားလှယ် လွှဲစာအား ပြန်လည် မရုတ်သိမ်းသေးခြင်း မှန်ကန်ကြောင်း တရားရုံး ကျမ်းကျိန်လွှာ မူရင်း
( ၇ ) ကိုယ်စားလှယ် လွှဲစာအား ကန့်ကွက်ချက် မရှိကြောင်း စာချုပ် ရုံးတာဝန်ခံ၏ ထောက်ခံချက်
( ၈ )  ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ရန်ကုန် / မန္တလေး မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းဖြစ်က ကာလတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန်(၇%) ထမ်းဆောင်ရန် ၊ ကျန်ဒေသအားလုံး ကာလတန်ဖိုးအပေါ် တံဆိပ်ခေါင်းအခွန်(၅%) ထမ်းဆောင်ရမည်။
(ပြောင်းလဲမှုလဲ ရှိနိုင်ပါသည်။)


Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate