ပါမစ်မြေ အတွက် မြေပုံထုတ်ခြင်း အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ပါမစ်မြေ အတွက် မြေပုံထုတ်ခြင်း အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ပါမစ်မြေ အတွက် မြေပုံထုတ်ခြင်း အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ 
ပါမစ်မြေ ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လူနေအိမ် (သို့မဟုတ်) အဆောက်အအုံ ဆောက်လုပ် နေထိုင်ခွင့်ပြုထားသော မြေကို ဆိုလိုခြင်း ဖြစ်သည်။
ပါမစ်မြေအတွက် မြေပုံထုတ်လိုပါက အဆိုပါမြေအား မြေချပါမစ်ချထားခြင်းခံရသူ ဖြစ်သည့် အမည်ပေါက်ပိုင်ရှင်မှ ဖြစ်စေ ၊ အဆိုပါ ပုဂ္ဂိုလ်ထံမှ အထူးကိုယ်စားလှယ်လွှဲစာ ရရှိသူမှ ဖြစ်စေ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ရရှိသူမှ ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ရန် ၊ ခြံစည်းရိုး ကာရန် ၊ အဝီစိတွင်း တူးရန် နှင့် မြေတိုင်းတာရန် အလို့ငှာ လျှောက်ထားနိုင်ပါသည်။
ယင်းကဲ့သို့ လျှောက်ထားရာတွင်....
( ၁ ) မြေချပါမစ် မိတ္တူ နှင့် မူရင်း
( ၂ ) နိုင်ငံသားစီစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူ နှင့် မူရင်း တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ တင်ပြပြီး လျှောက်ထားရပါမည်။ ထို့ပြင် မြေပုံထုတ်ပေးရန်အတွက် သတ်မှတ်ထားသည့် ဝန်ဆောင်ခကို လျှောက်ထားသည့် အချိန်တွင် ပေးသွင်းရမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနမှ စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်းတွင် မူလ မြေချထားပေးခြင်းခံရသူ၏ အမည်နှင့် တိုက်ဆိုင်စစ်ဆေးပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း ရှိ မရှိ စစ်ဆေးခြင်းအား ပြုလုပ်မည်ဖြစ်ပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း မရှိမှသာ မြေတိုင်းမှ သက်သေခံ မြေပုံကို ရေးဆွဲပေးမည် ဖြစ်ပါသည်။ ထို့နောက် လျှောက်ထားသည့်မြေပုံကို စီစစ်ပြီး ခွင့်ပြုပေးသူ အရာရှိ၏ ခွင့်ပြုမိန့်နှင့် မြေပုံကို လက်မှတ်ရေးထိုးပြီး ထုတ်ပေးမည် ဖြစ်ပါသည်။

Credit - ဥပဒေရေးရာ
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate