စရန်ပေးစာချုပ် ချုပ်ဆိုတဲ့ အခါ ငွေအများကြီးမချမိဖို့

စရန်ပေးစာချုပ် ချုပ်ဆိုတဲ့ အခါ ငွေအများကြီးမချမိဖို့

ဒီနေ့တောင်ဒဂုံ မှာ စရန်ပေးစာချုပ် ချုပ်ဆိုပေးခဲ့တယ်။ 
စရန်ငွေပေးတာနဲ့ ပတ်သက်လို့ ကျနော့်ကို သက်သေထားပြီး ဘယ်လောက်ပေးရမလဲလို့ ခဏခဏ မေးကြတယ်။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက်စာတမ်း မိတ္တူယူပြီး ပေးရတာမျိုးဆိုတော့ ဝယ်သူရဲ့ ဆင်ခြင်တုံတရား အပေါ်လည်း မူတည်ပါတယ်။ 
တန်ဖိုးအလိုက် သိန်း ၅၀ , သိန်း ၁၀၀ , သိန်း ၂၀၀ ပေးလို့ ရပါတယ်။
   အကောင်းအဆိုးကတော့ တစ်နိုင်တစ်ပိုင် ပေးတာက သူ့ဘက်ကိုယ့်ဘက် အလျော်အစား သိပ်မထိခိုက်နိုင်ဘူးပေါ့ လေ။
ဒါတင်ဘဲလား ဆိုတော့ မပြည့်စုံသေးဘူးလို့ ပြောရမှာပေါ့။ 
       အဲဒီရောင်းသူက ရောင်းတဲ့မြေကွက်ပေါ်မှာ ၊ ရောင်းတဲ့ အိမ်ပေါ်မှာ ၊ ရောင်းတဲ့ တိုက်ပေါ်မှာ ၊ လက်ရှိနေပြီး စရန်ငွေတွေ အများကြီး တောင်းနေတာလား ။ ဒါဆိုရင်တော့ စရန်ငွေ အများကြီး မချမိဖို့ အရေးကြီးတယ်။ 
       တကယ်လို့ အရောင်းအဝယ် ပွဲပျက်ရင် စရန်ငွေရဲ့  နှစ်ဆ ပြန်တောင်းမှာလေ ။ အဲဒီအခါကျရင် အဲဒီရောင်းသူက ပြန်ပေးနိုင်တဲ့ ငွေကြေးသူ့မှာ ရှိရဲ့လား ။ ပြန်ပေးနိုင်မယ် မထင်ရင်တော့ စရန်ငွေ အများကြီး မချသင့်ဘူးပေါ့။
ဘာကြောင့်လည်း အဲဒီရောင်းသူက ရောင်းတဲ့ တိုက်ပေါ်မှာ နေတုန်းပဲလေ ။ 
         ပွဲပျက်ခဲ့ရင်တောင် စရန်ငွေ အရင်းတွေရော နှစ်ဆတွေရော တစ်ပြားမှ မပေးနိုင်ဘူး ။ 
သုံးပစ်လိုက်လို့ ကုန်ပြီ ။ တိုင်ချင်တာတိုင် လိုက်ရှင်းပေးရန် အသင့်ပဲလို့ ရန်စကား ပြောလာရင် ဝယ်သူအနေနဲ့ “သေပြီဆရာ” ဖြစ်ပြီပေါ့။ 
        ကိုယ့်ငွေကိုယ် ရဖို့အရေး ရောင်းသူကို တရားစွဲယူရဦးမယ်။
        ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်မယ်။ 
       “မစည်ကား အပ်တဲ့ အရပ်ထဲမှာပါတဲ့ တရားရုံးကို မသွားချင်ဘဲနဲ့ သွားရဦးမယ်။ 
        ဝယ်သူတွေက ဒီလိုရောင်းသူမျိုးတွေကို အကြောက်ဆုံးပဲ။
             ဒါ့အပြင် လူနေထိုင်ပြီး ရောင်းတဲ့ တိုက်တို့ အိမ်တို့ကို ဝယ်ရင် စရန်ငွေ ပေးတဲ့နေ့မှာ အထူး သတိထားရတယ်။ 
အဲဒီလို ရောင်းသူတို့ အခြေတကျနေ ထိုင်လာခဲ့တဲ့ တိုက်တို့ အိမ်တို့နဲ့ သက်ဆိုင်တဲ့ ဂရန်နဲ့ စာချုပ်စာတမ်းတွေဟာ သူတို့လက်ထဲမှာ မရှိ  ဘဲ အပေါင်ခံသူရဲ့ လက်ထဲမှာ ရောက်နေတတ်တယ်။ 
           ဒီလို အိမ်မျိုး ၊ တိုက်မျိုးကို ကြိုက်ပြီဆိုရင်တော့ ဝယ်သူနဲ့ ပါလာတဲ့ ရှေ့နေ ခေါင်းကိုက်ပြီသာ မှတ်ပေတော့။
ဝယ်သူကလည်း ရှေ့နေခေါ်လာပြီ ဆိုကတည်းက ခိုင်ခိုင်မာမာနဲ့ အရှုပ်အရှင်းကင်းကင်းနဲ့ မြေနဲ့တိုက်ကို ပိုင်ဆိုင်ချင်လို့လေ။ 
ဒီလိုအကြောင်းကြောင်း တွေကြောင့် စရန်ငွေကို ရောင်းသူ တောင်းသလောက် ပေးသင့် မပေးသင့် ဝယ်သူက ရှေ့နေကို မေးကြတာပဲ။
နောက်ဆုံး စရန်မချခင် သေချာအောင် အမည်ပေါက် မှန် မမှန်ကို ကျေးရွာနဲ့ မြို့ပြ ဆင်ခြေဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ ရတယ်။ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

#Crd to owner
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate