သမီး ရည်းစား ချစ်သူတွေ သိထား သင့်တဲ့ ပုဒ်မလေးတွေ

21-Mar-23 အခြား
သမီး ရည်းစား ချစ်သူတွေ  သိထား သင့်တဲ့ ပုဒ်မလေးတွေ

           သမီး ရည်းစား ချစ်သူတွေ သိထား သင့်တဲ့ ပုဒ်မလေးတွေ
ရာဇ သတ်ကြီး ဥပဒေ အခန်း ၂၀  ပါ 
ပုဒ်မ  ၄၉၃  မှ  ၄၉၆ အထိ  နှင့် 


ရာဇ သတ်ကြီး ဥပဒေ အခန်း ၁၆ ပါ 
ပုဒ်မ ၃၁၂ မှ ၃၁၄ အထိ 


၄၉၃ ။     ။  မည်သည့် ယောက်ျား မဆို ၊  မိမိ နှင့် တရားဝင် ထိမ်းမြားခြင်း မပြုသော မိန်းမကို မိမိ နှင့် တရား သဖြင့် ထိမ်းမြား ကြောင်း လှည့်ဖြား ယုံကြည် စေ၍ ထိုသို့ ယုံကြည်စေ သဖြင့် မိမိ နှင့် ကာမစပ် ယှက် စေလျှင် ၊  ထို သူကို ဆယ်နှစ် ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည် ။


၄၉၄ ။     ။  မည်သူ မဆို ၊ အသက် ရှင်သော လင်ဖြစ်စေ ၊  မယားဖြစ်စေ ၊  ရှိသည် ဖြစ်၍ နောက်ထပ် ထိမ်းမြားရာတွင် ၊ ထိုလင် ဖြစ်စေ ၊ ထို မယားဖြစ်စေ ၊ အသက် ရှင်လျက် ရှိခြင်းကြောင့် ထိမ်မြားခြင်း အတည် မဖြစ်သော ကိစ္စမျိုး၌ နောက်ထပ် ထိန်းမြား လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည် ။


ကင်း လွတ်ချက်။    ။ မူလထိမ်မြား ခြင်းသည်  အတည် မဖြစ်ဟု စီရင်ပိုင် ခွင့်ရှိသော ရုံးတော်က စီရင် ဆုံးဖြတ်ပြီး ဖြစ်လျှင် ၊  ဤ ပုဒ်မနှင့် မသက်ဆိုင် စေရ ။


       အထက် လင် သော်၎င်း ၊ အထက် မယား သော်၎င်း ၊  အသက် ရှိစဉ် ကာလ အတွင်း နောက်ထပ် ထိမ်းမြားသည့် ကိစ္စတွင် ၊ ထိုလင် သည် သို့တည်း မဟုတ် တိုမယား သည် ခုနစ်နှစ် တိုင်တိုင် မလာမရောက် ရှိလျှင်၎င်း ၊ ထိုအချိန် ကာလ အတွင်း ၌လည်း ထိုလင် သို့တည်း မဟုတ် ထိုမယား အသက် ရှင်လျက် ရှိသည်ဟု မကြားခဲ့ လျှင်၎င်း ၊ နောက်ထပ် ထိမ်းမြား မည့်သူကို ထိမ်းမြားခြင်း မပြုမီ မိမိ သိသမျှ ဖြစ်သော အကြောင်း ချင်းရာ အမှန်ကို ဖွင့်ပြော လျှင်၎င်း ၊ ဤပုဒ် နှင့် မသက်ဆိုင် စေရ ။


၄၉၅ ။     ။ မည်သူ မဆို ၊ နောက်ထပ် ထိမ်းမြားမည့် သူအား ၊ အထက်က ထိမ်းမြားခြင်း အကြောင်းကို ထိန်ချန်၍ ၊  တဆက် တည်းဖြစ်သော အထက် ပုဒ်မ၌ ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်လျှင် ၊ ထိုသူ့ကို ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည် ။


၄၉၆ ။     ။ မည်သူ မဆို  ၊ မရိုး မဖြောင့်သော သဘောဖြင့် ဖြစ်စေ ၊  လိမ်လည် လှည့်ဖြား လိုသော အကြံဖြင့် ဖြစ်စေ ၊ တရားဝင် ထိမ်းမြားခြင်း မမြောက် သည်ကို သိလျက် နှင့် ထိမ်းမြားခြင်း အခမ်းအနားကို ခံယူလျှင် ၊  ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည် ။


၃၁၂ ။     ။ မည်သူမဆို၊  ကိုယ်ဝန်ဆောင် မိန်းမ၏ အသက်ကို ကယ်ဆယ် လိုသော သဘောရိုးဖြင့် မဟုတ်ဘဲ ၊ ကိုယ်ဝန်ဆောင် မိန်းမကို ကိုယ်ဝန်ပျက် စေရန် ၊ မိမိ အလိုအလျောက် ပြုလျှင် ၊ ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။ မိန်းမ သည် လှုပ်ရှားသော ကိုယ်ဝန် ဖြစ်လျှင် ၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။


၃၁၂ - က ။     ။ မည်သူ မဆို ၊ မိန်းမ တဦး တယောက်၏ ကိုယ် ၊ သို့မဟုတ် စိတ် ကျန်းမားရေး အတွက် ၊ ထို မိန်းမကို ၊ ပဋိသန္ဓေ မတည်နိုင် အောင် ခွဲစိတ် ကုသရန် လိုအပ် ကြောင်းဖြင့် ၊ ဤကိစ္စ အလို့ငှာ အစိုးရ ခန့်ထားသည့် အဖွဲ့က ထောက်ခံခြင်း မရှိဘဲ ၊ ထိုမိန်းမကို ပဋိသန္ဓေ မတည်အောင် တမင် ခွဲစိပ် ကုသလျှင် ၊ ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ်ချ မှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
( ချွင်းချက် ) ထို မိန်းမ၏ အသက်ကို ကယ်ဆယ်ရန် အလို့ငှာ ချက်ခြင်း အရေးယူဆောင် ရွက်ရမည့် ကိစ္စများတွင် ၊ အဆိုပါ ထောက်ခံချက် လက်မှတ် ရယူရန်မလို ။


၃၁၂-ခ ။     ။ မည်သူမဆို ၊ ယောက်ျား တဦးတယောက် ၏ ကိုယ် ၊ သို့မဟုတ် စိတ် ကျန်းမာရေးအတွက် ထို ယောက်ျားကို ပဋိသန္ဓေပေး နိုင်စွမ်း မရှိအောင် ခွဲစိတ် ကုသရန် လိုအပ်ကြောင်း ဖြင့် ၊ ဤကိစ္စ အလို့ငှာ ၊ အစိုးရ ခန့်ထားသည့် အဖွဲ့က ထောက်ခံခြင်း မရှိဘဲ ၊ ထို ယောက်ျားကို ပဋိသန္ဓေပေး နိုင်စွမ်း မရှိအောင် တမင်ခွဲ စိတ်ကုသလျှင် ၊ ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။


၃၁၂ - ဂ။     ။ မည်သူ မဆို ၊ မိမိ၏ကိုယ် သို့မဟုတ် စိတ် ကျန်းမာရေး အတွက် ၊ မိမိကို ပဋိသန္ဓေ မတည်နိုင်အောင် သော်၎င်း ၊ ပဋိသန္ဓေ ပေးနိုင်စွမ်း မရှိအောင် သော်၎င်း ၊ ခွဲစိတ် ကုသရန် လိုအပ်ကြောင်း ဖြင့် ၊ ဤကိစ္စ အလို့ငှာ ၊ အစိုးရခန့် ထားသည့် အဖွဲ့က ထောက်ခံခြင်း မရှိဘဲ ၊ ထိုသို့ ပဋိသန္ဓေ မတည် နိုင်အောင် ၊ သို့မဟုတ် ပဋိသန္ဓေ ပေးနိုင်စွမ်း မရှိအောင် ၊ ခွဲစိတ် ကုသပေးသည်ကို မိမိသဘောအလောက် ခံယူလျှင်၊ ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ် ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ။


၃၁၂ - ဃ ။     ။ မည်သူမဆို ၊ တဦး တယောက်သော သူ၏ ကိုယ် ၊ သို့မဟုတ် စိတ် ကျန်းမာရေး အတွက် ၊ ထိုသူကို ပဋိသန္ဓေ မတည်နိုင်အောင် သော်၎င်း ၊ ပဋိသန္ဓေ ပေးနိုင်စွမ်း မရှိအောင် သော်၎င်း ၊ ခွဲစိတ်ကုသရန် လိုအပ် ကြောင်းဖြင့် ၊ ဤကိစ္စ အလို့ငှာ အစိုးရခန့်ထားသည့် အဖွဲ့က ထောက်ခံခြင်း မရှိဘဲ ၊ ထိုသူကို ၊ ထိုသို့ ပဋိသန္ဓေ မတည် နိုင်အောင် ၊ သို့မဟုတ် ပဋိသန္ဓေ ပေးနိုင်စွမ်း မရှိအောင် တမင် ခွဲစိတ်ကုသ ပေးသဖြင့် ထိုသူ သေဆုံးလျှင် ၊ ထိုသို့ခွဲစိတ် ကုသပေးသူအား ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ချ မှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည် ။


၃၁၃ ။     ။ ကိုယ်ဝန် လှုပ်ရှားသည် ဖြစ်စေ ၊ မလှုပ်ရှား သည်ဖြစ်စေ ၊ ကိုယ်ဝန်ဆောင် မိန်းမက သဘောမတူပဲ မည်သူမဆို ၊ တဆက်တည်း ဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်လျှင် ၊ ထိုသူကို တသက် တကျွန်းဒဏ် ဖြစ်စေ ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ။


၃၁၄ ။     ။ မည်သူမဆို ၊ ကိုယ်ဝန်ပျက် စေရန် အကြံဖြင့် ကိုယ်ဝန်ဆောင် မိန်းမ သေအောင်ပြုလုပ်မှု တခုခုကိုပြုလျှင် ၊ ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ။
ထို့ပြင် ထိုပြု လုပ်မှုကို ကိုယ်ဝန်ဆောင် မိန်းမက သဘောမတူဘဲ ပြုလျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ ၊ အထက်က ဖော်ပြခဲ့သည့် ပြစ်ဒဏ်မျိုး ဖြစ်စေ ချမှတ်ရမည် ။


ရှင်းလင်း ချက်။   ။ မိမိ ပြုသောပြုလုပ် မှုသည် သေစေတန်ရာ သည်ဟု ပြစ်မှုကျူး လွန်သူက သိရန်မလို ။


#လေးစား စွာဖြင့်
#crd
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate