တိုက်ခန်း ဝယ်တာ BCC မကျသေး တဲ့ဟာ ဝယ်မိသွားလို့

18-Mar-23 Knowledge
တိုက်ခန်း ဝယ်တာ BCC မကျသေး တဲ့ဟာ ဝယ်မိသွားလို့

      ကျွန်တော့် အသိ တစ်ယောက် တိုက်ခန်း ဝယ်တာ BCC မကျသေး တဲ့ဟာ ဝယ်မိသွားလို့ အရမ်း စိတ်ညစ်နေ ပါတယ် ။

ဒါနဲ့ ကျွန်တော်ဆီ ရောက်လာပြီး

"ဆရာရေ ကျွန်တော် တလောက တိုက်ခန်း ဝယ်ဖို့ရှာနေတာ ကျွန်တော့်အကြိုက်တိုက်ခန်းလေးတစ်ခန်းကို အကျိုးဆောင်တစ်ယောက်ကလိုက်ပြလို့ လိုက်ကြည့်တာ တော်တော်လေးသဘောကျသွားတာနဲ့ ဝယ်ယူလိုက်ပါတယ်"

 

       " ဝယ်တုန်းက တိုက်မှာ BCC စာရွက်မပြ ဘူးလား ?"

" လူ နေထိုင်ရန် ဆိုပြီး မင်အပြာတုံး နဲ့ ထုထားတဲ့ စာရွက်ကို ပြပြီး BCC စာရွက် လို့တော့ ပြောပါတယ် "

"ဟာ ဒါဆို ရင်တော့ မှားနေပြီ ဆရာသမားရေ ၊ တကယ် တော့ လူနေထိုင်ရန် ဆိုပြီး မင်အပြာ တုံးနဲ့ ထုထားတဲ့ စာရွက်က ဘုတ်စိမ်းစာရွက် ၊  BCC ဆိုတာ ကတော့ လူနေထိုင်ခွင့် စာရွက် စာတမ်း မဟုတ်ဘူး ၊ အဆောက်အဦး ပြီးစီး ကြောင်းစာရွက် စာတမ်း သာ  ဖြစ်ပါတယ်။

 

BCC ဆိုတာက Building Complete Certificate ပါ။"

       " အဲဒါ ဆိုရင် ကျွန်တော်အခု ဝယ်ယူ ထားတဲ့ တိုက်က BCC မကျသေး တာပေါ့ "

" ခင်ဗျား ပြောပုံအရ ဆိုရင် တော့ BCC မကျသေး တဲ့တိုက် ကိုဝယ်ထား မိတာပေါ့ ။ ဒါပေမဲ့ ဘုတ်စိမ်း စာရွက် ရှိတယ် ဆိုတော့ နေထိုင်လို့တော့ ရပါတယ် ။ တစ်ချို့ တိုက်တွေ မှာလည်း BCC မကျသေး ပါပဲနဲ့ လူတွေ အပြည့်ရှိ နေတာကို တွေ့ရ ပါတယ် ။

BCC စာရွက် မကျသေး ပဲနဲ့ လူနေထိုင် နေတယ် ဆိုရင်တော့ သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီမှ စစ်ဆေး တွေ့ရှိပြီး ဒဏ်ငွေကောက်ခံခြင်း တွေရှိလာခဲ့ရင် အဲဒီ ဒဏ်ငွေတွေ ကိုပေးဆောင် ရမှာက ကန်ထရိုက်တာ ( ဒါမဟုတ် ) မြေပိုင်ရှင် ကပဲ ပေးဆောင် ရမှာပါ။ "

 

        " ဘုတ်စိမ်း စာရွက် တော့ရပြီး ဘာလို့ သူတို့တွေ BCC စာရွက် ထပ်မ လျှောက်ကြ ရတာလဲ "

"  2015 နှစ်လယ် အရှေ့ပိုင်း လောက်တုန်း ကတော့ အဆောက်အဦး တွေမှာ BCC ရမှ မီတာချ ပေးတာပါ ။ 3 ထပ်တိုက် ၊ 5 ထပ်တိုက် ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဘုတ်စိမ်း စာရွက်တင် ပြီးရင် မီတာလည်း အလွယ် တကူရ တာကြောင့် BCC ဆိုတာကြီးကို အပိုလို့ မြင်ကြ လို့ပါ ။

 

        2015 နှစ်လယ် နောက်ပိုင်း မှာတော့ အဆောက်အဦး ဆောက်ရင် BCC ရမှ မီတာချ ပေးပါ တော့တယ် "

"  ကျွန်တော် BCC မကျသေး တဲ့ တိုက်ခန်းကို ဝယ်ယူမိပြီး မှားပြီထင် ပေမယ့် ၊ အများကြီး စိုးရိမ်စရာ မလိုသည်ကို သိရတဲ့ အတွက် ကျေးဇူး ပါဗျ "

 

         အဲဒီ လိုနဲ့ ကျွန်တော် အသိလည်း ပြန်ရောင်းမှာ ဖြစ်သည့် အတွက် ပူပန်စိတ် မထား တော့ဘဲ ပြန်သွား ပါတယ် ခင်ဗျာ ။

အဲဒါ ကြောင့် လူကြီးမင်း တို့အနေ နဲ့လည်း တိုက်ခန်း ဝယ်ယူသည့် အခါ လူနေ ထိုင်ရန် မှင် အပြာတုံးနဲ့ ထုထားတာက ဘုတ်စိမ်း စာရွက် ဖြစ်ပြီး BCC မှာက  လူနေထိုင် ရန်ဆိုပြီး ဘာစာကြောင်းမှ မပါသည်ကို မှတ်သားစေ လိုပါတယ် ခင်ဗျား ။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate