ရှာပုံတော်မင်းသားကြီးက ရေတွေစိုလို့ လိပ်စာပျက်တာ✉️💦 ကျွန်တော်ကတော့.........

18-Mar-23 Knowledge
ရှာပုံတော်မင်းသားကြီးက ရေတွေစိုလို့ လိပ်စာပျက်တာ✉️💦 ကျွန်တော်ကတော့.........

ဟုတ်ကဲ့ အကို မင်္ဂလာပါရှင့်  ထိုင်ပါဦးရှင့် ဘာများကူညီဆောင်ရွက်ပေးရမလဲရှင်💁‍♀️


 

ဟုတ်ညီမလေး ဒီလို အကိုက အကျိုးဆောင်လုပ်တာ အဲ့ဒါ ညီမလေးတို့Yuzanarland application က အကိုတို့ အကျိုးဆောင်တွေကြားမှာ ခေတ်စားနေတာ အကိုလဲ အဲ့တာလေး စမ်းပြီး သုံးချင်လို့လေ အစကတော့ ဖုန်းပဲဆက်ပြီး မေးမလို့ပဲ ဘယ်လိုသုံးရလဲ ဘာညာ ဒါမဲ့ အကိုလဲ ကလော လာလည်တုန်းလေး ကြုံတုန်း ရုံးပဲ တစ်ခါတည်း လာခဲ့လိုက်တာ။💁‍♂️


 

ဟုတ်ကဲ့အကို အချိန်မရွေး လာလည်လို့ရပါတယ်ရှင့်။


 

ညီမလေးတို့ account ဘာညာရော ဖွင့်ပေးတယ် မလား။


 

ဟုတ်ကဲ့အကို ဖွင့်ပေးပါတယ်ရှင့် ဒါဆို အကို့ကို accountဖွင့်နည်းလေးရော တစ်ခြား အသုံးပြုပုံလေးတွေရော သေချာရှင်းပြပေးမဲ့ marketing က အမကို သွားခေါခဲ့ပေးမယ်နော်အကို ခနထိုင်စောင့်ပေးပါဦးရှင့် မုန့်လေးတွေလဲ သုံးဆောင်ပါဦး။


 

ဟုတ်..ရတယ်ဗျ။


 

ဟော..ဧည့်ခန်းထဲကို အစောက ကောင်မလေးနဲ့အတူ ကောင်မလေးတစ်ယောက်လာနေပြီ..မျက်မှန်လေး ဝတ်ထားပြီး လမ်းလျှောက်တာလေးကလဲ ကြွကြွရွရွနဲ့ တဂယ့် အကြည်ဓာတ်လေးပါဗျာ..။


 

အကို မင်္ဂလာပါရှင့်..။


 

ဟုတ်ညီမလေး (အသံလေးကလဲ ချစ်စရာလေးဗျာ ထူးဖို့တောင်မေ့နေတယ် ဟိဟိ🤭)။


 

📍 ဟုတ် အကိုက accountလေးဖွင့်ပြီး အသုံးပြုချင်တာနော် အကို။

ဟုတ်တယ် ညီမလေး ​ညီမလေးတို့applicationက ခေတ်စားနေတော့လေ ပြီးတော့ packageလေးတွေလဲ စျေးသက်သာတယ် ပြောကြလို့ ကျွန်တော်လဲ သုံးကြည့်ချင်လို့ ။ ဟုတ် အကို ရပါတယ်ရှင့် ဒါဆို ညီမ အခုပဲ accountလေး ဖွင့်ပေးလိုက်မယ်နော် 💁‍♀️။


 

🔖 ညီမတို့appမှာ အကျိုးဆောင်တိုင်း တစ်လကို ၁၀ ပိုစ့်ထိ အခမဲ့ တင်လို့ရတယ် အကို packageလေးတွေကျတော့


 

 (1 ) basic package

( 2 ) One star

( 3 ) Two star

( 4 ) Three star

( 5 )  Four star

( 6 )  Five star ဆိုပြီး  ၆မျိုး ရှိပါတယ်ရှင့်။


 

📍📍 တစ်မျိုးနဲ့တစ်မျိုး ဝန်ဆောင်မှု့လေးတွေ စျေးလေးတွေကလဲ မတူသလို ရရှိနိုင်မဲ့ အကျိုးရလာဒ်လေးတွေကလဲ မတူဘူးပေါ့.. ဟုတ် ။ အကိုတို့လို စပြီး အသုံးပြုတဲ့ သူတွေကကျ basicလေး နဲ့ one starလေးကို စပြီး ယူကြည့်ကြတာ များတယ်ရှင့် ။

Basic package လေးရဲ့ တန်ဖိုးက ကျတော့ 25000 ပဲ ကျတာအကို သူထဲမှာဆိုရင် ရိုးရိုးကြော်ငြာလေးက 30 အထူးကြော်ငြာလေးက 4ခု ပါတယ်ရှင့်။ ဒီapplicationလေးမှာကျ သူက ပိုစ့်တင်ရင်းနဲ့ တစ်ခါတည်း Google map လေးနဲ့ Youtube video လေးလဲထည့်လို့ ရတယ်ရှင့် ။ ပြီးတော့သူက တစ်ပိုစ့်ထဲမှာ ပုံ၂၀ ထိ တင်လို့ရတော့ Photo content နဲ့ တင်တဲ့သူဆို အလုံး ၂၀ ကို တစ်ပိုစ့်ထဲမှာ တင်နိုင်တာပေါ့ရှင့်။


 

ဒါဆို အဆင်ပြေသားပဲ....အကိုက အခုဖွင့်ဖွင့်ခြင်းဆိုတော့ point က ၁၀ခုရမှာပေါ့ ဟုတ်လား။


 

ဟုတ် အကို။


 

ဒါဆို အကို အခုလောလောဆယ် 1starယူမယ်ဆိုရင်ရော ညီမလေး... 🤔?


 

📍📍 1starမှာကျ ရိုးရိုးကြော်ငြာက ၆၀ အထူးကြော်ငြာက ၈ခုရမှာရှင့် ပုံမှန်စျေးလေးက 50000ရှင့်

အကို အခုချိန်ဝယ်ယူမယ်ဆိုရင်တော့ visiting card 100လဲ လက်ဆောင်ရဦးမှာအကို။


 

မိုက်တာပေါ့... ဒါဆိုအကို 1starလေးပဲ ယူလိုက်မယ်လေ ညီမ။


 

ဟုတ်ကဲ့အကို ဒါဆိုညီမအခုပဲ ဘောင်ချာလေး ဆွဲပေးလိုက်မယ်နော် ။ဟုတ်ညီမ ခုလိုသေချာလေး ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဗျ အရောင်းဝယ် ဖြစ်အောင်လည်း ကြိုးစားပေးပါဦးဗျ🤍🤍။


 

ဒီလိုနဲ့ နှုတ်ဆက်ပြီး ကျွန်တော်လဲ မွေးရပ်မြေကို ပြန်ခဲ့ပြီး အလုပ်တွေ စလုပ်တော့တာပဲ

ဒီလိုနဲ့ အခက်ခဲဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်း အကျိုးဆောင်တွေကိုလဲ သူတို့ companyနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေကြောင်း ပြောပြပေးပြီး ရှင်းပြတာလဲ စိတ်ရှည် လောကကြီးကိုလဲ ဘောင်ခတ်ပြီး ကြည့်တက်တဲ့ မျက်မှန်နဲ့ကောင်မလေးအကြောင်းကိုလဲ ကြွားလိုက်သေးတာ👓😇 ။

သူတို့ကလဲ ကလောဖက် trip သွားဖို့ ရှိတယ်တဲ့လေ ကျွန်တော်လဲ ရုံးကိုလိုက်ပို့မယ် ဆိုပြီး လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့(အဓိက ကတော့ မျက်မှန်နဲ့ကောင်မလေးကို ထပ်တွေ့ချင်လို့ ဒီတစ်ခါတွေ့ရင်တော့ သူ့နာမည်လဲမေးမယ် accountလေးလဲ တောင်းခဲ့မယ် ဟီး🙊)


 

🍃🍃 ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်တောင် သွားရတော့မယ် ဒါပေမဲ့ကံဆိုးစွာနဲ့ အိမ်မှာ အရေးပေါ်ကိစ္စလေးဖြစ်လာလို့ ခရီးစဥ်မှာကျွန်တော်လိုက်ပါလို့ မရတော့ပူး....

အကျိုးတူ သူငယ်ချင်းတွေတော့ သွားခဲ့ကြတာပေါ့ ရုံးကိုလဲသွားခဲ့တယ်တဲ့ သူတို့ကိုလဲ မျက်မှန်နဲ့ကောင်မလေး ရှင်းပြပေးလိုက်တာတဲ့လေ ဒါပေမဲ့ သူတို့ဓာတ်ပုံတူတူရိုက်လာတာပြန်ကြည့်တော့ ကျွန်တော့်ရဲ့မျက်မှန်လေး မဟုတ်နေပူး...

ဖုန်းဆက်ပြီး မသိမသာလေး မေးတော့လဲ ရုံးမှာ 85%လောက်က မျက်မှန်တွေနဲ့ချည်း တဲ့လေ🥲🥲🥲

 

ရှာပုံတော်မင်းသားကြီးက ရေတွေစိုလို့ လိပ်စာပျက်တာ✉️💦

ကျွန်တော်ကတော့.........


 

#yuzanarland #realestate #packages #stars

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate