☘️မိမိနေအိမ် ( ရုံးခန်း )တွင် စိုက်ပျိုးသင့်သော ဂမုန်းအမျိုးစားများ....

18-Mar-23 Knowledge
☘️မိမိနေအိမ် ( ရုံးခန်း )တွင် စိုက်ပျိုးသင့်သော ဂမုန်းအမျိုးစားများ....

☘️မိမိနေအိမ် ( ရုံးခန်း )တွင် စိုက်ပျိုးသင့်သော ဂမုန်းအမျိုးစားများ......


 

ဂမုန်းဆိုတဲ့ အဓိပ္ပာယ်ကတော့ ဥရှိတဲ့ အပင်ငယ်တွေ အားလုံးကိုဆိုလိုပြီး ကျောက်ကျမ်း ၊ ဂမုန်းကျမ်း နှင့် ကဝေသာရကျမ်း တို့မှာတော့ ဂမုန်းမျိုးပေါင်း ( ၁ဝ၉ ) မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ် ။ ဂမုန်းပင်တွေရဲ့  နာမည်နဲ့ ယုံကြည်မှု့တွေကလဲ တစ်ကျောင်း တစ်ဂါထာ တစ်နေရာ တစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ရှိတက်ကြပါတယ်။မိမိနေအိမ်မှာ စိုက်ရင် စီးပွားလာဘ်လာဘတိုးပွားတဲ့ ဂမုန်းအများစု ရှိသလို နေအိမ်မှာစိုက်ရင် ခိုက်တက်တယ်ဆိုတဲ့ ဂမုန်းတွေလဲ ရှိနေပါတယ်။ဒါကြောင့်မလို့ ဂမုန်းပင်တွေနဲ့ သူတို့ရဲ့ အကျိုးပေးပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။💁💁


 


 

( 1 ) ဂမုန်းနီ


 

      ဂမုန်းနီပင် စိုက်ထားသော အကျိုးကား မြေမှဖြစ်သော ဖုတ်ကောင် စုန်းနားပင်းတို့ ဖမ်းစားခြင်း မပြုနိုင် ၊ ဂဝံရုပ်ထု၍ ဆောင်သော် ရှိန်းပြီး၏ ။ ဆာယာအန္တိ ပြီး၏ ။


 


 

( 2 ) ဇော်ဂျီမုတ်ဆိတ် ဂမုန်း


 

           ဇော်ဂျီမုတ်ဆိတ် ဂမုန်းပင်ကို အိမ်မှာစိုက်လျှင် အချိန်ရာသီမရွေး ပွင့်တတ်ပြီး ပွင့်တဲ့အချိန်မှာ သိသိသာသာ စီးပွားဖြစ်ပါတယ်။ မပွင့်လျှင်လည်း တစ်နှစ်လုံး မပွင့်ပဲ ရှိနေတက်ပါတယ်။ သန့်ရှင်းမှု့ကို အလွန်ကြိုက်သော အပင်ဖြစ်ပြီး ဂရုတစိုက် ပြုစုသူသည် ထီပေါက်တက်သည်။ အရွက်များကို မဖြတ်ရပါ။ ဖြတ်လျင် လင်မယားချင်း ရန်ဖြစ် စိတ်ကောက် ရတတ်သည်။ အရွက်ကို ကြိတ်၍ အရည်ကို လက်ဖက်ရည်ပုဂံ တစ်လုံးလောက် ဆယ်ရက်ခန့် သောက်လျှင် ချောင်းဆိုးသွေးပါ ပျောက်သည်။ မျက်စိနာနေသူ တိမ်ရှိနေသူများလဲ ၎င်းဂမုန်းဥကို သွေးပြီး ခပ်ရင် ပျောက်ကင်းတယ်လို့ ဆိုကြပါတယ်။


 


 

( 3 ) ကွင်းထိုး ဂမုန်း


 

          ကွင်းထိုး ဂမုန်းရှိသောအရပ်ဟာ ဧည့်သည် အလာများတက်သောကြောင့် ဆိုင်များ စီးပွားရေးနဲ့ ပတ်သက်သည့်နေရာများတွင် အစိုက်များကြသည်။ ပြုစုသူ၏ ရည်းစားဟောင်း ပြန်လာတက်သည်။ကွင်းထိုးလျှင် လုပ်ငန်း အကြံအစီ အောင်မြင်ပြီး ၊ ကွင်းမထိုးလျှင် မအောင်မြင်ပါ ။ မြင့်မြတ်သော အပင်မျိုးဖြစ်သဖြင့် ခွေး ၊ ကြောင် များကြော်ခြင်း နင်းခြင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုင်ခြင်းတို့ ပြုလုပ်လို့ မရပါ။ထိုသို့ ဖြစ်ပါက ကွင်းများ ပြေသွားတက်ပြီး အဲ့ဒီကွင်းတွေ ပြုတ်ကုန်တဲအခါ အမွှေးနံ့သာရေများ ပက်ဖျန်းခြင်း ၊ ကင်မွန်းတရော်ရေများဖြင့် ဆေးကြောခြင်း ၊ အမွှေးတိုင်များ ထွန်းညှိခြင်းများ ပြုလုပ်ပါက ကွင်းများ ပြန်လည်ထိုးတတ်ပါတယ်။


 


 

( 4 ) ဒေါင်း ဂမုန်း


 

        ဒေါင်းဂမုန်းပင်များတွင် အနီရောင် အစင်းကြားများပါတဲ့ အမပင်နဲ့ အနီအရောင်အကွက်များပါတဲ့ အဖိုပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ဒေါင်းဂမုန်း အစစ်ဆိုရင် ညအချိန်၌ အရွက်များ ထောင်ကာ ပူးကပ်၍ အိပ်ကြပါတယ်။ဒေါင်းဂမုန်း မအိပ်သောနေ့တွင် မကောင်းကြံသူတို့၏ ဘေးအန္တရာယ် ကျတတ်သည်။ ဒေါင်းဂမုန်းစိုက်ရင် ဒေါင်းတောက်အောင် စီးပွားရှာ အလုပ်လုပ်ရတတ်သောကြောင့် အလုပ်နှင့်လက်နှင့် မပျက်ပဲ စီးပွားအလွန်တက်သည်။


 


 

( 5 ) ရတနာ ဂမုန်း


 

       ရတနာ ဂမုန်းကို နေအိမ်တွင် စိုက်ပျိုးပါက ရောဂါ ပျောက်ကင်းသည် ။ ထီပေါက်တတ်သည် ။ စီးပွားတိုး လာဘ်ကောင်းသည့်အပြင် ရတနာ ဂမုန်းဥသည် ဆေးဖက်ဝင်သည်။


 


 

( 6 ) ပြည်လုံး ချမ်းသာ ဂမုန်း ( မယ်တော်ကြီး ဂမုန်း )


 

        မယ်တော်ကြီး ဂမုန်းစိုက်ပျိုးလျှင် စီးပွားတိုးကာ ထီပေါက်စေသည်။ စျေးရောင်းကောင်းသည်။ စိုက်ပျိုးလျှင် အိုးအတွင်း၌ ကြေးပြား ၉ ပြားခံ၍ စိုက်ကာ ရွှေရည် ၊ ငွေရည် လောင်းပေးရသည်။ တချို့က ကျောက်သံပတ္တမြား ခံ၍ စိုက်ပြီး ရွှေရည်ငွေရည် လောင်းသည် ။ နွားနို့လှူ၍ အမြစ်ကို လောင်းထည့်ရမည်။ အမွှေးတိုင် ထွန်းပေးလျှက် အမွှေးနံ့သာရည် လောင်းကာ ဥပုသ်နေ့၌ တရော်ကင်မွန်းနှင် အရွက်ကို ဆေးကြော သုတ်သင်ရသည်။ ညဉ့် ၇-နာရီလောက်တွင် အရွက်အဖျားများမှ ရေပေါက်များ ထွက်လျက် စီးကျပြီး စိုပြေနေတတ်သည်။ အပင်ကို ဂရုစိုက်ပြီး သန့်သန့်ပြန့်ပြန့် စင်နှင့် တင်ထားရန် အရေးကြီးသည်။


 


 

( 7 ) ရှင်သူငယ် အနီ


 

    အပင်ကို သင်္ကန်းစီး ၊ ဆွမ်းတော်တင် ၊ အဓိဋ္ဌာန်ပြု သားဆုတောင်းလျှင် သားရသည်။


 


 

( 8 ) ငှက်ပျောရှင်သူငယ် ( အငယ် )


 

     အပင်ကြီးမျိုး ၊ အပင်ငယ်မျိုး နှစ်မျိုးရှိသည်။ အငယ်သည် ငှက်ပျောပင် အငယ်စား ပုံသဏ္ဍာန်ရှိပြီး နှစ်ပေထက် မကြီး ၊ အရွက်တွင် အညိုကြောင်းကလေး ပါပါသည်။ ထူးခြားသည် ။စိုက်ပျိုးထားပါက

စီးပွားဥစ္စာ တိုးတက်သည်။ ဩဇာအာဏာ ရှိလာသည် ။ စိုက်ပျိုးစဉ်တွင် ရွှေရည်ငွေရည် လောင်း၍ သင်္ကန်းစည်းပေးထားရသည်။


 


 

( 9 ) ရှင်သူငယ်အဝါ


 

     ရှင်သူငယ် အဝါပင် စိုက်ပျိုးထားပါက စိတ်နှလုံး ကြည်လင်အေးချမ်းပြီး အလုပ်အကိုင် အဆင်ပြေကာ စီးပွားလာဘ်လာဘများပေါများသည်။ထီပေါက်တက်သည် ။ အရွက်သည် ငှက်ပျောရွက် ကဲ့သို့ ရှိပြီး ၊ ကိုရင်သင်္ကန်း အရောင်ကဲ့သို့ အရွက်ပါလျှင် အိမ်ခေါင်းရင်းတွင် သန့်ပြန့်စွာ စိုက်ပျိုးပြုစုလျှင် လာဘ်သပ္ပကာ တိုးတက်သည်။ စိုက်ပျိုးထားလျှင် ခွေးနင်း ၊ ကြောင်ကျော် မပြုမိပါစေနှင့်၊ သန့်သန့်ပြန့်ပြန့်  စိုက်ပျိုးရန် အရေးကြီးသည်။


 


 

( 10 ) ဂမုန်းရှင်သူငယ်


 

         ရှင်ဖြူ ၊ ရှင်ဝါ ၊ ရှင်ညို ၊ ရှင်နီ ၊ ရှင်သူငယ် အကျား ၊ ငှက်ပျောရှင်သူငယ် အကြီး ၊ ငှက်ပျောရှင်သူငယ် အသေး စသည်ဖြင့် အမျိုးကွဲများ ရှိသည်။ တန်ခိုးသတ္တိ ထက်မြက်၍ စီးပွားဥစ္စာ တိုးတက်လျက် ၊ အလုပ်အကိုင် အကြံအစည်တို့ ထမြောက် အောင်မြင် တတ်သည်။ လူစိုက်များသည် ။ တော်ရုံတန်ရုံ နေပူဒဏ် ခံနိုင်၍ နေပူသောအခါ အရောင်အသွေး ပိုမိုလှပ တောက်ပြောင် လာတတ်သည်။


 


 

( 11 ) အိမ်တွင်းမင်္ဂလာ ဂမုန်း ( ဟော်နန်း စီးပွားတိုး ဂမုန်း )


 

         ထိုဂမုန်းပင်သည် အလွန်ပွားတက်သည် ။ နည်းနည်းပွားလျှင် နည်းနည်း စီးပွားဖြစ်ပြီး များများပွားလျှင် များများစီးပွားဖြစ်တက်သောကြောင့် နေအိမ်တွင် စိုက်ပျိုးရန် အထူးသင့်တော်သည်။


 

#realestate #yuzanarland #knowledge

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate