လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။

13-Aug-21
လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။
1. လူမျိုးခြား ဗုဒ္ဓဘာသာတူ 
လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ 
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြောင်း ကျမ်းကျိန်အရာရှိဆီမှာ ကျမ်းကျိန်လက်မှတ်ထိုးရပါမယ်။ သက်သေတယောက်နဲ့ ဗုဒ္ဓဘာသာကိုးကွယ်ပုံ ဓာတ်ပုံ သုံး လေးပုံလောက်လဲတွဲပြရပါမယ်။ ဥပမာ- ဘုရားရှိခိုးနေပုံ ဘုရားသွား ကျောင်းတက် အလှူအတန်းပြုနေပုံ မျိုးပေါ့။ 
ပြီးရင်အဲဒီ ကျမ်းကျိန်လွှာနဲ့အတူ လူမျိုး ခြားရဲ့ နိုင်ငံသားကတ် Passport နဲ့ မြန်မာနိုင်ငံသားရဲ့ မှတ်ပုံတင်ပြပြီး သက်သေနှစ်ယောက်နဲ့ အတူ လက်မှတ်ထိုးလို့ရပါပြီ။ လွယ်ပါတယ်။ 
လက်မှတ်ထိုးပြီးရင် Register လုပ်ပေးဖို့လဲ မေးဖို့မမေ့ပါနဲ့။ တချို့ အလိမ်အညာတွေက ရှေ့မှာ ဟန်ပြလက်မှတ်ထိုးခိုင်းပြီး register မလုပ်ပေးလိုက်ရင်တရားမဝင်လို့ပါ။ 
2. လူမျိုးခြ ား ဘာသာခြား or လူမျိုးတူ ဘာသာခြား
ဘာသာမတူသူတွေဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ထိုးရပါမယ်။ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှာ လက်ထပ်ဖို့ လျှောက်လွှာတင်ရပါမယ်။ ရပ်ကွက်ရုံးမှာ သူတို့ notic စာ ကပ်ပါလိမ့်မယ်။ စာကပ်ထားတဲ့ ကာလမှာ ကန့်ကွက့်မယ့်သူ မရှိဘူးဆိုရင် ၂ပတ်ကြာရင် လက်မှတ်ထိုးလို့ရပါပြီ။ 
3. လူမျိုးခြား ခရစ်ယာန်ဘာသာတူ 
ခရစ်ယာန်အချင်းချင်းဆို Church ကျောင်းမှာ Father နဲ့လက်ထပ်လို့ရပါတယ်။ 
အပေါ်ကဘယ်နည်းနဲ့ လက်မှတ်ထိုးထိုး မြန်မာဥပဒေနဲ့ လက်မှတ်ထိုးပြီးရင် လူမျိုးခြားရဲ့ သံရုံးမှာ ဘာသာပြန်ပေးပြီး စာရင်းထပ်သွင်းပါ။ လူမျိုးပေါ်မူပြီး သံရုံးလိုအပ်ချက်ကွဲပါလိမ့်မယ်။ ဒါပေမဲ့ မခက်ပါဘူး။ သံရုံးမှာလဲ စာရင်းပေးလိုက်ပြီဆို မြန်မာပြည်မှာရော သူနိုင်ငံမှာရော တရားဝင်ဖြစ်သွားပါပြီ။ 
4. ပြည်ပမှာ လက်မှတ်ထိုး 
မြန်မာပြည်မှာလက်မှတ်မထိုးဘဲ ဟိုဘက်မှာလက်မှတ်ထိုးပြီး မြန်မာသံရုံးမှာ စာရင်းသွင်းလဲရပါတယ်။ ဒါမှမဟုတ် သူနိုင်ငံရော ကိုယ်နိုင်ငံရော မထိုးဖြစ်ရင်လဲ ထိုင်းမှာသွားထိုးလို့ရပါသေးတယ်။ ဘယ်မှာပဲ လက်မှတ်ထိုးထိုး လက်မှတ်ထိုးတဲ့ နိုင်ငံရဲ့ ဥပဒေအရ တရားဝင်ပါတယ်။ ဘယ်မှာထိုးထိုး နှစ်ဘက်လုံးမှ ာ တရားဝင်အောင် သူနိုင်ငံ ကိုယ့်နိုင်ငံသံရုံး မှ ာ အကြောင်းကြား စာရင်းပြန်သွင်းဖို့သာ မမေ့ပါနဲ့။ 
လူမျိုးခြားနဲ့ အိမ်ထောင်ပြုတာကို အားပေးတာမဟုတ်ပါဘူး။ ဖူးစာပါလို့ ဆုံကြပြီဆို အခက်အခဲကြောင့် တရားမဝင် အပျော်ဖြစ်သွားမှာ မျက်နှာငယ်ရမှာကို ကာကွယ်ပေးဖို့ ရည်ရွယ်တာပါ။ လူမျိုးခြားနဲ့ ဖူးစာပေါင်းဖက်တဲ့ ညီမလေးတွေ အမတွေ တရားဥပဒေနဲ့ အညီ လက်မှတ်ရေးထိုးနိုင်ပြီး နှစ်ယောက်လုံးရဲ့ နိုင်ငံတွေမှာ တရားဝင် တင့်တင့်တယ်တယ် အကြင်လင်မယားအဖြစ် ဘဝလုံခြုံ အဆင်ပြေကြပါစေ။
Yadanar Zan
 

Related Posts

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate