ရောင်းခွန်၊ ဝယ်ခွန်မဆောင်ရ သော ပါမစ်မြေ
13-Aug-21

'ပါမစ်မြေက မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ စာချုပ် ချုပ်ဆိုလို မရ ဘူးလို့ ပြောတယ်ဟုတ်သလား''
''ဟုတ်ပါတယ်။ အရပ်စာချုပ် အဖြစ်သာ အရောင်းအဝယ်ကတိ စာချုပ် ချုပ်ဆိုကြရတယ်'' ''ဒါဆို ဥပဒေနဲ့အညီ တရားဝင် ပိုင်ဆိုင်မှု ချက်ချင်းမရနိုင်ဘူးပေါ့''
''မှန်ပါတယ်။ ဒါကြောင့် ဂရန် အမည်ပေါက်မြေကွက်က တန်ဖိုးပို ပြီး ပေးရတယ်။ ပါမစ်မြေက ဂရန် မြေလောက်စျေးမရှိလို့ အချို့က လည်း ပါမစ်မြေကို ပိုကြိုက်ကြ တယ်''
''ဂရန်မြေ အရောင်းအဝယ်လုပ် ရာမှာ ဝယ်ခွန်ဆောင်ကြရတယ်ပြော တယ်။ ပါမစ်မြေကတော့ ဝယ်ခွန် မဆောင်ရဘူးလို့လည်း ပြောကြ တယ်။ ဒါကြောင့် ပါမစ်မြေကိုဝယ် သင့်တယ် ပြောသူက ရှိတယ်''
''ဒါလည်း မှန်ပါတယ်။ ဂရန်မြေ ကို ဝယ်ရင် ဝယ်ခွန်ဆောင်ရမယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ကြေးပေးရ မယ်။ ပါမစ်မြေကတော့ အစောက ပြောသလို အရပ်စာချုပ်ဖြစ်တဲ့ အခွန် တံဆိပ်ခေါင်း ၃ဝဝ (သုံးရာကျပ်) တန် စာချုပ်ခေါင်းနဲ့ ချုပ်ဆိုလိုက်ရင် ပြီးတာပဲလေ''
''သုံးရာကျပ်တန် စာချုပ်တံဆိပ် ခေါင်းနဲ့ အဆင်ပြေရဲ့လား၊ တရားဝင် လား''
''တံဆိပ်ခေါင်းခွန်ဥပဒေအရ ကတိစာချုပ်ဖြစ်လို့ သုံးရာ ကျပ်တန် စာချုပ် တံဆိပ်ခေါင်းနဲ့လုံလောက်ပါ တယ်''
''ဒါကြောင့် အိမ်မြေ အရောင်း အဝယ် ကတိစာချုပ်လုိ့ ချုပ်ကြတာ ကိုး''
''ဝယ်ရောင်းသမားတွေက ပါ မစ်မြေကို ပိုသဘောကျကြတယ်။ အရောင်းအဝယ်စာချုပ်နဲ့ပဲ နောက် တစ်ဦးကို ထပ်ဆင့်လွှဲပြောင်းရောင်း ကြတယ်''
''ရောင်းခွန်၊ ဝယ်ခွန်မဆောင်ရ တော့ ပါမစ်မြေကပိုပြီး ဝယ်ရောင်း အတွက် အဆင်ပြေတာပေါ့''
ဆက်လက်ဖော်ပြပါမည်