မိတ်ဆွေတစ်ယောက်က သူ့အနေနဲ့ အရေးတကြီး ငွေ အသုံးလိုနေလို့ဆိုပီး

မိတ်ဆွေတစ်ယောက်က သူ့အနေနဲ့ အရေးတကြီး ငွေ အသုံးလိုနေလို့ဆိုပီး

မိတ်ဆွေတစ်ယောက်က သူ့အနေနဲ့ အရေးတကြီး ငွေ အသုံးလိုနေလို့ ဆိုပီး ငွေလာချေးတာကြောင့် သိန်း (၅၀) ကို လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက
ချေးပေးလိုက်တာ အခုထိပြန်မဆပ်ပါဘူး ။ သွားတောင်း တော့လည်း တိုင်ချင်ရာတိုင်လို့ ပြောနေပါတယ်။ စာချုပ်နဲ့ချေးထားတာ ဖြစ်ပေမယ့် မူရင်းစာချုပ် ပျောက်နေလို့ စာချုပ်မိတ္တူနဲ့ တရားစွဲလို့ ရ မရ သိလိုပါတယ်
============================ 
     ဒါမျိုးကျတော့ ငွေလိုချင်တဲ့သူက နည်းနည်း အကင်းပါးရတယ် ။ တန်းမစွဲရဘူး ။ သူက ကိုယ့်ဆီက ငွေချေးထားတယ် ပြန်မပေးဘူး။ တောင်းတော့လည်း တိုင်ချင်ရာတိုင် ။ နောက် တရားစွဲရမှာလဲ စာချုပ်မူရင်းက မရှိဘူးဆိုတော့ ။ ဒါမျိုးကျတော့ ရှေနေ့ရှေရပ်နဲ့ငှားရမ်းပြီး တော့ ပထမဦးစွာ သတိပေးစာ (Notice ) ထုတ်လိုက်ရတယ် ။ စာချုပ်စာတမ်းနဲ့ အခိုင်အမာ သက်သေတွေနဲ့ 
ချုပ်ထားတယ် ။ ဒါကြောင့် ဘယ်နေ့ ဘယ်ရက်မှာ အပြီး
ပြန်ပေးပါ ဆိုပြီး Notice စာထုတ်လိုက်ဖို့ ကောင်းပါတယ်။ အဲ့လို ထုတ်လိုက်တဲ့အခါ သူဘာပြန် လာမလဲပေါ့။ သူ ငြင်းမှာလားပေါ့။ သူက ယူတာကို ဝန်ခံရင် လည်းခံမယ်။ မပေးနိုင်ဘူး လို့လည်း ပြောချင် ပြော မယ်။ တစ်ခုခုပေါ့ ။ သူဝန်ခံလာရင် သူယူထားတာကို ဝန်ခံ ထားတဲ့အတွက် ကိုယ်မှာ ခိုင်မာတဲ့ သက်သေလုပ် လို့ရတာ 
ပေါ့ ။ ဒါက တစ်ချက်ပေါ့။
    အဲ့ဒီလိုမှ မဟုတ်ရင် ဒီစာချုပ်ကလည်း မိတ္တူ ဖြစ်နေတယ် ၊ ပြီးတော့ သူကလည်း ဝန်ခံတာမရှိဘူး ။ Reply မရှိဘူးဆိုရင် လုပ်လို့ရတာ တစ်ခုကတော့ ချေးတုန်းက
မြင်တဲ့ သက်သေခေါ် လို့ ရတယ်။ လူ သက်သေရှိရင် လည်း တရားစွဲလို့ ရပါတယ်။ စာချုပ်စာတမ်းရှိမှ ရယ်လို့ မဟုတ်ပါဘူး။ လူသက်သေ အခိုင်အမာ လိုက်ပေးနိုင်တဲ့ ပုဂ္ဂိုလ် ၊ သူကလည်း ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီလူကို သက်သေပြခြင်း အားဖြင့်တရားစွဲလို့ ရပါတယ်။ ဒါ့အပြင် သက်သေခံ ဥပဒေပုဒ်မ ၆၅ အရ စာချုပ်ကို ဖတ်ရှု့ခဲ့ရသူတွေရဲ့ ထွက်ဆိုချက်ဖြင့် စာချုပ် မိတ္တူကို ဒုတိယအဆင့် သက်သေခံအဖြစ် တင်သွင်းပြီး ချေးတဲ့ငွေ ပြန်ရလိုမူနဲ့လည်း တရားစွဲလို့ ရပါတယ်။ သုံးနှစ်အတွင်း စွဲပါ။ အဲ့ဒီလိုပဲ ဖြေကြားပေးချင်ပါတယ်။

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate