အိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန်၊ ဆောင်ရန်များ
13-Aug-21

ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း
အိမ်ခြံမြေရောင်းဝယ်ရာတွင်
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်အတွက်
ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။
အိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန်၊ ဆောင်ရန်များ
တချို.သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ဌားရာတွင် အောက်ပါအိမ်များကိုု ရှောင်ရှားကြသည် ။ နေရမည်ဆိုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည်.....
၁ ။ လမ်းဦးတိုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုက်သည့် လမ်းဘက်သိုကျားရုပ်လုပ်၍ လှည့်ထားရမည်။ အိမ်ရှေ.တွင် အများသုံးသောက်ရေအိုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကိုအပြင်ဘက် လှည့်ပေးထားပါ။
၂ ။ လှည်းဦးတိုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။
ဆောင်ရန်မှာ ကျားရုပ်ပြုလုုပ်ရန်။
၃ ။ လှေဦးတိုက် ။ ။ ရေလမ်းမှာသွားလာနေသော ရေယာဉ်များ ထိပ်တိုက်ဝင်ရောက် ဆိုက်ကပ်သောနေရာ။ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။
၄ ။ ရေဦးတိုက် ။ ။ ရေကြောင်းနှင့် မိမိအိမ် ထိပ်တိုက်တွေ.ပြီးရေ စတင်စီးဆင်းသောနေရာ၊ ရေစီးဆုံသည့်နေရာတွင် ရှိသောအိမ်။
ဆောင်ရန်မှာ ကျားရုပ်ပြလုုပ်ရန်။
၅ ။ အိမ်တံစို့။ ။ မိမိအိမ်ကိုတခြားတစ်အိမ်က အလည်တည့်တည့် ကန်.လန်.ဆောက်ထားခြင်း။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ တံစို.ကိုထားသောအိမ်ဘက်သို့ မှန်တစ်ချပ်ထောင်ထားရန်။
၆ ။ နို့ညုပ် ။ ။ မိမိအိမ်သည် ညီအစ်ကိုကြား ၊ သို့မဟုတ် သားအဖကြား ရောက်ရှိနေသောအိမ်။
ဆောင်ရန်မှာ အိမ်တစ်ဖက်တစ်ချက်တွင် ထညပ်( ငါးကင်ရာတွင် သုံးသောဝါးညှပ်) ထားရမည်။
ရ ။ စေတီဦးတိုက် ။ ။ စေတီပုထိုး ဘုရားကျောင်းများကမိမိအိမ်ထက်နိမ့်ပြီး ကပ်လျက်တည်ရှိသောအိမ်ကိုဆိုလိုသည်။ အဓိကအားဖြင့်ချွန်ထက်သည့်အရာများက မိမိနေအိမ်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေခြင်းမျိုးဖြစ်သည်။
ဆောင်ရန်မှာ အနီးရှိ ဘာသာရေးအဆောက်အဦး တစ်ခုခုတွင် ကော်ဇော်ခင်းခြင်း၊ ကျောက်ပြားခင်းခြင်း ၊ နဝကမ လှူဒါန်းခြင်း ၊တံမြက်လှည်းခြင်း စသည့်တို.ပြုပေးရန်။
၈ ။ ကြမ်းဦးတိုက် ။ အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာတွင် ခြေဖဝါးချ လျှင်ကြမ်းအလျားလိုက်အတိုင်း မိမိခြေချောင်းမှာ တည်နေခြင်းဖြစ်သည်။ဆောင်ရန်မှာ ဖယောင်းပုဆိုး ကော်ဇောခင်းပေးပါ။
နေအိမ်အတွင်း ခြ၊ တောင်ပို.ရှိနေလျှင်လည်း အရောင်းအဝယ်ပျက်သည်များ ရှိပါသည်။
မိမိနေအိမ်မျက်နှာစာသည် တခြားအိမ်၏ နောက်ဖေးဘက်ကျနေလျှင် ရောင်းလျှင် လူကြိုက်နည်းသည်။