နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်နေသူက အိမ်မြေဝယ်မည်ဆိုလျှင် နိုင်ငံရပ်ခြားမှ ဖုန်းကော (phone call) ဝင်လာသဖြင့် ဖုန်းကို ဖွင့်၍ နားထောင်လိုက်မိတယ်။

နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်နေသူက အိမ်မြေဝယ်မည်ဆိုလျှင် နိုင်ငံရပ်ခြားမှ ဖုန်းကော (phone call) ဝင်လာသဖြင့် ဖုန်းကို ဖွင့်၍ နားထောင်လိုက်မိတယ်။

                 နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်နေသူက အိမ် မြေ ဝယ်မည်ဆိုလျှင်
နိုင်ငံရပ်ခြားမှ ဖုန်းကော ( phone call ) ဝင်လာသဖြင့် ဖုန်းကို ဖွင့်၍ နားထောင်လိုက်မိတယ်။
“ကျွန်တော်က ၊ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့သူပါ ၊ ဆရာ့ရဲ့ ဆောင်းပါးတွေကို ဖေ့စ်ဘုတ်မှာ ဖတ်ရပါတယ် ။ ဒါကြောင့် အကူအညီတောင်းချင်လို့ ဖုန်းဆက်လိုက်တာပါ” ဟု တစ်ဖက်မှ အသံကိုကြားလိုက်ရသည်။


“ဟုတ်ကဲ့ ဘယ်လိုများ အကူအညီပေးရပါ့မလဲ ၊ ပြောကြည့်ပါ ခင်ဗျာ”
“ဒဂုံမြို့သစ်ဘက်မှာ မြေတစ်ကွက် ဝယ်ချင်လို့ ဆရာ ၊ ကျွန်တော့် အမည်ပေါက်ဆိုရင်ဘယ်လို ဆောင်ရွက် ရမလဲဆိုတာ သိချင်လို့ပါ။ ကျွန်တော်ကလည်း ချက်ချင်း ပြန်မလာနိုင်သေးဘူး။
“မောင်ရင့် အမည်နဲ့ မြေကွက် အမည်ပေါက်ချင်တာလား”
“ဟုတ်ကဲ့ ဆရာ ။ ကိုယ်တိုင် လက်မှတ်ရေးထိုး အရောင်းအဝယ် စာချုပ်ပြုလုပ်မှ မြေကွက်အမည် ပေါက်ရမယ်လို့ သိထားပါတယ် ဆရာ ။ အဲဒါ ဟုတ်ပါသလား”


“ဟုတ်ပါတယ် ။ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီးမှ သက်ဆိုင်ရာ မြေယာဌာနမှာ အမည်ပြောင်းလျှောက်ထားရမှာ ဖြစ်ပါတယ် ။ ကိုယ်တိုင်လာရောက် ချုပ်ဆိုရင်တော့ အကောင်းဆုံးပေါ့”။
“ကိုယ်စားလှယ် လွှဲစာနဲ့ ချုပ်ဆိုလို့ မရဘူးလား ဆရာ”
“ရပါတယ် ။  ဒါပေမယ့် လုပ်ဆောင်ရမယ့် အချက်တွေ ရှိတယ်။ မောင်ရင့်မှာက အိမ်ထောင်ရှိလား ၊ ဇနီးထံ ကိုယ်စားလှယ် လွှဲပေးအပ်ဆောင်ရွက်ရင်တော့ ဖြစ်တယ်။
“ကျွန်တော်က ၊ Single တစ်ယောက်တည်းသမားပါ။ အမေနဲ့ ညီမတစ်ယောက် ရှိပါတယ် ။ ညီမကတော့ အိမ်ထောင် ရှိတယ်။ အမေနဲ့ အတူ နေတာဆရာ”


“ဒါဆိုရင် ညီမကို ဖြစ်စေ ၊ အမေ့ကို ဖြစ်စေ ၊ ကိုယ်စားလှယ်လွှဲစာ ပေးအပ်ပြီး အရောင်းအဝယ် စာချုပ် ပြုလုပ်  ချုပ်ဆိုနိုင်ပါတယ်”။
“အမေက အသက် ၇၀ နီးပါးရှိပြီ ဆိုတော့ ၊ အစိုးရရုံးတွေကို သွားရတာ အဆင်မပြေဖြစ်မှာ စိုးရိမ်ရတယ် ဆရာ”
“ဒါဆိုလည်း အတူနေ ညီမကို မိမိရဲ့ ကိုယ်စားလှယ် ဆောင်ရွက်ဖို့ ကိုယ်စားလှယ်လွှဲစာ ပေးနိုင်တာပဲ”
“ကိုယ်စားလှယ်လွှဲစာ နဲ့ဆိုရင် ကျွန်တော့်အမည် ထွက်နိုင်ပ့ါမလား”


“ထွက်ပါတယ်။ မောင်ရင့်ရဲ့ အမည် ဥပမာ ဦးတင်မောင် ဆိုပါတော့”
“မောင်မောင်ဦးပါ ဆရာ”
“ကောင်းပြီ ။ အဲ့ဒါဆိုရင် ဝယ်သူက ဦးမောင်မောင်ဦး ( ၄င်း၏ ကိုယ်စားလှယ်စာရသူ ဒေါ်လှ ) ဆိုတာမျိုး စာချုပ်မှာ ဖော်ပြရပါတယ်။ အမည်ပေါက် လျှောက်တော့လည်း မြေကွက် အမည်ပေါက်အဖြစ် ဦးမောင်မောင်ဦး ( ၄င်း၏ ကိုယ်စားလှယ်လွဲစာရသူ ဒေါ်လှ) ဆိုပြီး မြေရာဇဝင်မှာ ဖော်ပြမှာ ဖြစ်ပါတယ်”


“ဟုတ်ကဲ့ဆရာ G .P နဲ့ S.P ဆိုတာက ဘယ်လိုကွာသလဲ ဆရာ ။ အချို့ကပြောတော့ G.P ဆိုရင် မိမိမသိလိုက်ဘဲ ပြန်ရောင်းတာမျိုးလည်း ရှိတတ်တယ်လို့ ပြောကြတယ် ။ ဒါကြောင့် သေချာတာမျိုး လုပ်ချင်ပါတယ် ။ ဘယ်လိုစပြီး ဆောင်ရွက်ရပါ့မလဲ”
“ပထမဆုံးအနေနဲ့ G.P ပဲ ဖြစ်ဖြစ် S.P ပဲဖြစ်ဖြစ် ပုံစံစာရွက်မှာ တံဆိပ်ခေါင်း အပြည့်အစုံ ကပ်ပြီး ဖြည့်စွတ် ရပါမယ်။ ပြီးရင် ကိုယ်စားလှယ်အဖြစ် လက်ခံမယ့်သူရဲ့  မှတ်ပုံတင် နိုင်ငံသားကတ် ဓာတ်ပုံမိတ္တူနဲ့အတူ မောင်ရင့်ဆီ ပို့ပေးရမှာ ဖြစ်ပါတယ်။ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ( G.P ) ကတော့ အကြောင်းအရာ ထည့်သွင်း ဖော်ပြဖို့ မလိုဘူး။ အထူးကိုယ်စားလှယ်လွှဲစာ ( S.P ) ကတော့ မိမိကိုယ်စား ဆောင်ရွက်ရမယ့် အကြောင်းအရာကိစ္စကို အတိအကျ ဖော်ပြရပါတယ်။


“ဆရာပြောတဲ့ အထူးကိုယ်စားလှယ်လွှဲစာ ( S.P ) ဆိုရင် ဘာတွေ ထည့်သွင်း ဖော်ပြရပါသလဲ”
“ယခု ဝယ်မယ်ဆိုတဲ့ မြေကွက် ၊ အဆောက်အအုံပါရင် အဆောက်အအုံ အမျိုးအစား ၊ ပျဉ်ထောင် ၊ အုပ်ညှပ် နှစ်ထပ်တိုက် ၊ နှစ်ထပ်အိမ် စတဲ့အတိအကျ ဖော်ပြရပါမယ်။ နေအိမ်အမှတ် ၊ လမ်း ၊ ရပ်ကွက် အပြည့်အစုံ ဖော်ပြရမယ်။ အဓိကအချက်က ၊ မြေကွက် အမည်ပေါက် ၊ မြေကွက် အမှတ် ၊ မြေတိုင်း အမှတ်တို့ကို အသေးစိတ် ဖော်ပြပြီး ၊ အဆိုပါမြေနဲ့ အိမ်အတွက် အဝယ် စာချုပ်ချုပ်ဆိုခြင်း ၊ အမည်ပြောင်းခြင်း ၊ မှတ်ပုံတင် စာချုပ်ရုံးနှင့် အခွန်ရုံးတို့ တွင် မိမိကိုယ်စား လက်မှတ်ရေးထိုးခြင်း ၊ ထွက်ဆို ပြောကြားခြင်းစတဲ့ အချက်များကို အသေးစိတ် ဖော်ပြရပါ့မယ်။


“ဟုတ်ကဲ့ ဆရာ ။ လုပ်ဆောင် မယ်ဆိုရင်တော့ ဆရာနဲ့ အတိအကျ ဆောင်ရွက်မှာပါ ဆရာ”
“ကောင်းတာကတော့ ။ အထူးကိုယ်စားလှယ်လွှဲစာ ( S.P ) က ကောင်းပါတယ် ။ ကိုယ်စားလှယ် အလွှဲခံရသူအနေနဲ့ အဆိုပါ မြေနဲ့အဆောက်အအုံကို အဝယ်စာချုပ်ကိစ္စနဲ့ အမည်ပြောင်းကိစ္စသာ ဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့ ပြန်ရောင်းချခြင်း ကိစ္စကို ဆောင်ရွက်ခွင့် ရှိမှာ မဟုတ်ပါဘူး”
“ဟုတ်ကဲ့ပါ ဆရာ။ အထူးကိုယ်စားလှယ်လွှဲစာ ( S.P ) ကျွန်တော်ထံ ရောက်ရှိရင် ဘယ်လို လုပ်ဆောင်ရပါသလဲ”
“အဲဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လက်ခံကျင့်သုံးတဲ့ စနစ်ကို ပြောပြပါမယ်”
“ဟုတ်ကဲ့ဆရာ ၊ ကျွန်တော် သေချာမှတ်ထားပါ့မယ်။
           တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ Seasons overseas pte.Ltd ပါ ( e ) နှင့် Great Light Co.Ltd ပါ ( ၇ ) ၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၄၃ ၊ အမှုမှာ- နိုင်ငံခြား တိုင်းပြည်တွင် ပြုလုပ်သည့် ကိုယ်စား လွှဲစာကိုဖြစ်စေ ၊ အခြား စာရွက်စာတမ်းတစ်စုံတစ်ရာ ဖြစ်စေ ၊ သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်က ၄င်းရှေ့တွင် ပြုလုပ်ခြင်း မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး ယင်းလက်မှတ်ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်နိုင်ငံဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ်ဖြစ်ကြောင်း အဆိုပါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သံအရာရှိ သို့မဟုတ် ကောင်စီဝန်က ထပ်ဆင့် လက်မှတ်ရေးထိုး အတည်ပြုမှသာ ယင်းကိုယ်စားလှယ်လွှဲစားကို မြန်မာနိုင်ငံ တရားရုံးက ၊ သက်သေခံ ဥပဒေပုဒ်မ ၈၅ အရ မှန်သည်ဟု မှတ်ယူခွင့်ရှိကြောင်း ၊ ဆုံးဖြတ်ထားပါတယ်။

           ဒါကြောင့် ( S.P ) စာရွက်ရရင် ဂျပန်နိုင်ငံမှာရှိတဲ့ နိုတြီပဗ္ဗလစ် တစ်ဦးရှေ့မှာ လက်မှတ် ရေးထိုးရမယ်။ နိုတြီပဗ္ဗလစ်အရာရှိ ကိုယ်တိုင် တံဆိပ်နဲ့တကွ လက်မှတ်ပါရှိပြီး ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှာ မှတ်ပုံတင် စာရင်းသွင်းရပါမယ်။ မြန်မာသံရုံးက သံအရာရှိ ၊  ဒါမှမဟုတ် ကောင်စီဝန် တစ်ဦးဦးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး မူရင်းစာရွက်ကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။”
“ကျွန်တော်ရဲ့ ပတ်စ်ပိုစ့် စာရွက် လိုပါသလား”
“သက်တမ်း မကျော်သေးကြောင်း ပတ်စ်ပို့မိတ္တူကို ပူးတွဲ တင်ပြရပါမယ် ။ ဒါမှ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာမှာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက လက်ခံချုပ်ဆိုပေးမှာ ဖြစ်တယ်” ဟု အကြံပြု ဆွေးနွေး ပြောကြား လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate